ဘေးမှာ ကူညီပေးတဲ့ ဇနီးနဲ့ ဟုတ်နေတာပဲ။
 

အဆိုတော်သားငယ်ကတော့ ဂရင်ဂျီနာရောဂါနဲ့ ဆေးရုံတက်နေရတာ အခုဆိုရင်တော့ နေတော်တော်ပြန်ကောင်းနေပြီလို့ သိရပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့ ညနေမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံတက်နေရတဲ့ တစ်လျှောက် ဘေးနားမှာ ပြုစုပေးနေတဲ့ ဇနီးမယားကိုလည်း အခုလို စနောက်ခဲ့ပါသေးတယ်။

'' လက်ရှိ၎င်း၏ စအိုအခြေအနေမှာနဂိုနီးနီး ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ မိမိကို ချစ်ခင်အားပေးကြ သူများအားမစိုးရိမ်းကြရန်(အထူး) အသိပေးလိုပါသည်။ဖီလင်။ ။အေးအတူပူအမျှခပ်ဝဝတစ်ယောက်ရှိတာလည်း အင်မတန် ကံကောင်းကွား ဟားဟား'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

သားငယ်ဟာ ဂရင်ဂျီနာရောဂါနဲ့ ဒုတိယအကြိမ်မြောက် ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ ပထမအကြိမ်အနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း အဆိုပါရောဂါကြောင့်ပဲ အာရှ တော်ဝင်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့သေးတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလော သားငယ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သူငယ်ချင်း ဖြစ်သူ မိုင်းမိုင်ဆိုင် က သားငယ်ရဲ့ ပရိသတ်တွေ မစိုးရိမ်ရအောင် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြလေ့ရှိပါတယ်။

သားငယ်ဟာ လက်ရှိမှာလည်း ဖျော်ဖြေရေးတွေနဲ့ အချိန်ကုန်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် ထားပါသေးတယ်။  မကြာခင်မှာ ရင်သွေးလေး ယူတော့မယ်လို့ ဆိုပါတယ်။ ဝဝကစ်ကစ်ကလေးလေး လိုချင်နေပြီဖြစ်တဲ့ သားငယ်တဲ့ ဂျူနီယာ သားငယ်လေးတစ်ယောက် လိုချင်နေပြီလို့ ဆက်လက်ဖြေဆိုခဲ့ပါသေးတယ။် အဆိုတော် သားငယ်တို့ဇနီးမောင်နှံဟာ ပရိသတ်ချစ်ခင်မှု ရရှိထားသူလည်း ဖြစ်ပါတယ်။သားငယ်ဟာ သူဝါသနာပါရာ အနုပညာအလုပ်နဲ့ ရပ်တည်နေတဲ့ သူလည်း ဖြစ်ပါတယ်။ဝါသနာပါရာ ဂီတဘက်ကို လျှောက်လှမ်းရင်းနဲ့ မူရင်းအလုပ်ဖြစ်တဲ့ အကြော်ကြော်တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ပဲ အားရင် အားသလို သွားရောက်လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

 

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ် အစွန်းများကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က