ဒီနေ့မှာ လှူခဲ့တာပါ။

Photo : စမိုင်းလ် FB

 

သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုက ဒီနေ့မှာလည်း အလှူအတန်းတွေ ထပ်လုပ်နေတာ တွေ့ရပါတယ်။ ဒီနေ့(ဇွန်လ၂၁) မှာ ပန်းပျိုးလက် ပရဟိတကျောင်းမှာ ရှိတဲ့ မိဘမဲ့ ကလေး အယောက် (၄၃၀) အတွက် နေ့လည်စာအတွက် စမိုင်းလ်တို့မိသားစုက သွားရောက်လှူဒါန်းခဲ့တာပါ။

"ပန်းပျိုးလက်ပရဟိတကျောင်းရှိမိဘမဲ့ကလေး ၄၃၀အားနေ့လည်စာ ထမင်းဟင်း ရေခဲမုန့် ကိတ်မုန့်များကျွေးပြီး ဘုန်းဘုန်းလမ်းခင်း နေသည့်နေရာအတွက်နဝက္မအလှူငွေပေးအပ်လှူဒါန်း" ဆိုပြီး စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၁)ရက်နေ့ က ရေးသားထားတာတွေ့ရပါတယ်။

Photo : စမိုင်းလ် FB

 

စမိုင်းလ်ဟာ ဒီရက်ပိုင်းအလှူတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေပါတယ်။ ဇွနလ(၂၀)ရက်နေ့ကလည်း မှော်ဘီမြို့ အောင်ဇမ္ဗူတော ရကျောင်းမှာ နေ့ဆွမ်းနဲ့အတူ သင်္ကန်များ ဆပ်ကပ်လှူဒါန်းခဲ့သလို ရွှေစင်(၄)ကျပ်ခွဲသား တန်ဖိုးရှိတဲ့ စိတ်ပုတီးလေးကိုလည်း လှူဒါန်းခဲ့ပါတယ်။ သူမရဲ့ မွေးနေ့အတွက် ကြိုပြီး အလှူတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတာပါ။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ စမိုင်းလ်တို့မိသားစုဟာ ပရိသတ်တွေ အားကျရတဲ့ မိသားစုလေး ဖြစ်ပါတယ်။

Photo : စမိုင်းလ် FB

အောင်ဇမ္ဗူကျောင်းမှာ အလှူသွားလုပ်ခဲ့တဲ့ စမိုင်းလ်တို့မိသားစု 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်အတွက် အလှူငွေ (၁၀)သိန်း သွားရောက် လှူဒါန်းပေးခဲ့ပါသေးတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေလည်း ပြုလုပ်သလို တစ်ခါတလေမှာသူတို့ရဲ့ စိတ်ကူး အိမ်မက် လေးတွေကိုလည်း ရိုမန့်တစ်ဆန်ဆန် အကောင်အထည်ဖော်တတ်သူတွေ ဖြစ်ပါတယ်။

Photo : စမိုင်းလ် FB

 

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

Share

Loading Next Article...
က္က