သြော်.. ငါဆိုတာ ငါလည်းတစ်နေ့။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

သရုပ်ဆောင်အကယ်ဒမီခန့်စည်သူကတော့ သချိုၤင်းမှာရှိတဲ့ အုတ်ဂူတွေကိုကြည့်ပြီး သံဝေဂရနေတာဖြစ်ပါတယ်။ အုတ်ဂူပေါ်မှာ ရေးထိုး ထားတဲ့ ကမ္ဗည်းကျောက်စာတွေကို ဖတ်ကြည့်လိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ ခံစားချက်လေးတွေကိုလည်း ခန့်စည်သူက အခုလို ရေးသားခဲ့ပါသေးတယ်။

'' လောကကြီးမှာ ငါ မရှိလျှင်မဖြစ်လို့ ကိုယ့်ကိုယ်ကို ထင်နေခဲ့မိတယ်။ ကြုံတုန်း ကြုံခိုက် သချႋုင်းရောက်လို့ အုတ်ဂူတွေပေါ်မှာရှိတဲ့ ကမ္ဗည်း ကျောက်စာတွေကို ဖတ်ကြည့်မိလိုက်တဲ့ အခါမှာတော့ သြော်.. ငါ ဆိုတာ (ငါလည်းတစ်နေ့)'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ည ၁၀ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

ရဟန်း၊ရှင်အပါး(၃၀၀)ကျော်အတွက် ဆွမ်းလောင်းလှူဒါန်းခဲ့တဲ့ ခန့်စည်သူ 

သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ ဟာ ဇွန်လ ၂၂ ရက်နေ့(ဒီနေ့ မနက်မှာတော့  ဓမ္မဝိဟာရဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ ကျော် ပညာသင်ကြားနိုင်ဖို့အတွက် ထောက်ပံ့ ကြေးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

''မေတ္တာသင်္ဂဟအဖွဲ့ မှ ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိဆင်းရဲနွမ်းပါးကျောင်းသား/သူ (၄၀၀)ကျော်ပညာသင်ကြားရေး အတွက်ထောက်ပံ့အလူငွေ (၅၅)သိန်း လှူဒါန်းခဲ့ပါတယ်။ မေတ္တာသင်္ဂဟအဖွဲ့(၇)နှစ်တာကာလမှာအလှူနေရာ(၆၄)ကြိမ်ရှိပြီး အလှူငွေကျပ် (၂၇၃၇)သိန်း(၅)သောင်း လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်'' ဆိုပြီးတော့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ ၂၂ရက်နေ့ မနက် ၁၀နာရီ ၃၆ မိနစ်က ရေးထားတာဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘွတ်

 

မေတ္တာသင်္ဂဟအဖွဲ့တည်ထောင်မှုဟာ မေလ ၉ ရက်နေ့က ၇ နှစ်ပြည့်ခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့ ရဲ့ လှူဒါန်းမှုအနေနဲ့ ၇ နှစ်တာ ကာလ အတွင်းမှာ အလှူပေါင်း ၆၄ ကြိမ်ရှိပြီး လှူဒါန်းခဲ့တဲ့ အလှူငွေပေါင်း ၂၇၃၇ သိန်းနဲ့ ၅ သောင်းရှိပြီလို့ ဆိုထားပါတယ်။  သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟအဖွဲ့ အနေနဲ့ ပရဟိတတွေဆောင်ရွက်နေသလို သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကိုလည်း ရရှိထား သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က