သီချင်းသစ်လေး မကြာခင် နားဆင်ရတော့မှာနော်။
 

အဆိုတော် အေသင်ချိုဆွေက ပရိသတ်တွေအတွက် မကြာခင် သီချင်းသစ်လေး တစ်ပုဒ်လက်ဆောင်ပေးတော့မှာပါ။ ဇွန်လထဲမှာ အွန်လိုင်းကနေ သီချင်းသစ်တစ်ပုဒ် ဖြန့်မယ်လို့ ပြောထားတဲ့အတိုင်း မကြာခင်မှာ နားဆင်ရတော့မယ့် သီချင်းနာမည်လေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

သီချင်းနာမည်က "အသဲကွဲသီချင်းတွေ မဆိုတော့ဘူး" တဲ့။ "အသဲကွဲသီချင်းတွေ မဆိုတော့ဘူး "ဆိုတဲ့  သီချင်းနာမည်လေးကို ဒီနေ့(ဇွန်လ၂၂ရက်)မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

 

သီချင်းနာမည်ကို မိတ်ဆက်ပေးတုန်းပဲ ရှိသေးတယ် ပရိသတ်တွေက သီချင်းကို နားထောင်ချင်နေကြပါပြီ။ အွန်လိုင်းမှာ ဖြန့်မယ့် သီချင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း အေသင်ကိုယ်တိုင် Duwun Mediaကို ယခုလို ဖြေဆိုပေးခဲ့ပါသေးတယ်။

"၆ လပိုင်းထဲမှာ Single Song အနေနဲ့ အွန်လိုင်းကနေ ဖြန့်မယ့် သီချင်းတစ်ပုဒ်ပေါ့နော် Comeback အနေနဲ့ ထွက်ဖို့ Recoding တွေလုပ်တယ်။ အဲ့ဒါပြီးပြီဆိုရင်တော့ MTV ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သီချင်းက ၂ ပုဒ်ပါ။ တစ်ပုဒ်က ကိုမိုးထက်ရေး ပေးထားတာ၊ နောက် တစ်ပုဒ် က ကိုဝေကြီး ရေးပေးထားတာ သီချင်းနှစ်ပုဒ်က ပုံစံလေးတွေမတူကြဘူး၊ တစ်ပုဒ်ကကျတော့ Pop အသည်းကွဲ သီချင်း တစ်ပုဒ်၊ နောက်တစ်ပုဒ်ကကျတော့ R&B ဘက်သွားတာဆိုတော့ ဘယ်အပုဒ်တင်ပေးရမှန်းမသိဘူး။ နှစ်ပုဒ်စလုံးက ကောင်းတယ်'' လို့ ဆိုပါတယ်။

ဝိတ်မချခင်က ပုံစံကို ပရိသတ်တွေသိအောင် ထုတ်ပြလိုက်တဲ့ အေသင်ချိုဆွေ 

ပရိသတ်တွေကို မိတ်ဆက်ပေးတော့မယ့် သီချင်းအသစ်လေးကိုလည်း ပရိသတ်ရင်ထဲရောက်စေချင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက်လည်း အောင်မြင်မယ်လို့ ယုံကြည်ထားတယ်ဆိုတာကို အေသင်ချိုဆွေက ပြောပြခဲ့ပါသေးတယ်။

'' ကိုယ် Comeback အနေနဲ့ ပြန်လုပ်တဲ့ အချိန်မှာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲကို ရောက်စေချင်တယ်။ နည်းနည်းတော့ ခေါင်းစားရတယ်၊ စိတ်လည်းနည်းနည်းပူရတာပေါ့နော်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က