AD
AD
AD
play

 

ပရဟိတအလုပ်တွေမှာ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ရေဘေးဒုက္ခရောက်နေကြတဲ့ မုတ္တမမြို့မှာရှိတဲ့ ဆေးရုံမှာ လိုအပ်တဲ့ ခွဲစိတ်ခန်းအတွက် ဝတ်စုံတွေကိုလည်း ရွှေကြာလူမှုကူညီရေးအသင်းနဲ့ ပူးပေါင်းပြီး လှူဒါန်းသွားမယ်လို့ သိရပါတယ်။

'' ကျွန်မတို့  လေးယောက်ပေါင်းပြီး မုတ္တမဆေးရုံအတွက် လိုအပ်သော ECG စက် အား လှူဒါန်းပေးပြီး ရုပ်ရှင်နှင့် သရုပ်ဆောင် ခိုင်နှင်းဝေ မှ လိုအပ်သော ခွဲခန်းဝတ်စုံ အား လှူဒါန်းပေးပါမည်လိုအပ်သော ခွဲခန်းဝတ်စုံ အား လှူဒါန်းပေးပါမည်။ လာမဲ့ တပတ်တွင် သွားရောက် လှူဒါန်းပေးပါမည်။ လောကကြီးမှာ အရေးကြီးဆုံး ကျန်းမာရေး၊ မကျန်းမာ လို့ဆေးရုံ ရောက်သွားလို့  ဆေးရုံမှာ ဆေး/ပစ္စည်း မပြည့်စုံရင်
လူနာတွေ အတွက် ကုသရေးမှာ အရမ်းခက်ခဲ မယ်။ ငါသာ အဲ့လို ဆေးရုံမှာ လူနာဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့  လှူဒါန်းလိုသူများ ကျွန်မ ရှေ့ အပတ်ထဲ သွားပါမည်။ လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်အလှူရှင်များ လိုအင်ဆန္ဒတစ်လုံးတစ်ဝပြည့်ကြပါစေရှင်'' ဆိုပြီးတော့ ရွှေကြာဖေ့စ်ဘွတ်အကောင့် က ဇွန်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

ရွှေကြာရဲ့ ဖေ့စ်ဘွတ်စာသားကို သရုပ်ဆောင်ခိုင်နှင်းဝေက ပရိသတ်တွေအနေနဲ့ ပါဝင်လှူဒါန်းလို့ရအောင် ပြန်လည် မျှဝေခဲ့ပါသေးတယ်။

'' တတ်နိုင်သလောက်လေးအလှူပါရှင်။ အလှူရှင်များကိုလဲဖိတ်ခေါ်အပ်ပါတယ်ရှင်။ ရွှေကြာလူမှုကူညီရေးအသင်းသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်ရှင်။ ခိုင်နှင်းဝေပရဟိတအသင်း 09250274324,09420124618'' ဆိုပြီးတော့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဇွန်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ၂၈ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် ဆန်ခါတင်စာရင်းထဲပါဝင်နေသူတစ်ဦး လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေရဲ့ ပရိသတ်တွေနဲ့အတူ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်အသင်းဟာ ဒီနေ့(မေလ ၈)ရက်နေ့ တုန်းက အလုပ်မရရှိသေးတဲ့ မြန်မာနိုင်ငံသား အယောက်၂၀၀ ကို အလှူလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့  ပြည်ပမှာ ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်ချက်ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD