မထင်မှတ်ပဲ တင်လိုက်ရတာတဲ့။
 

သရုပ်ဆောင် ခင်ဇာခြည်ကျော်တစ်ယောက် သားကြီးကို ဆေးရုံတင်လိုက်ရလို့ စိတ်မကောင်းဖြစ်နေပါတယ်။  ဒီနေ့ (ဇွန်လ၂၅ရက်)ဟာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာရဲ့ မွေးနေ့ပါ။ သမီးလေးရဲ့ မွေးနေ့မှာ သားကြီးကို မထင်မှတ်ပဲ ဆေးရုံတင်လိုက်ရတယ်လို့ ခင်ဇာခြည်ဇော်ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားထားတာတွေ့ရပါတယ်။



 

သားကြီး ဘုန်းမင်းနေလကို ရွှေဂုံတိုင်မှာရှိတဲ့ SSC ဆေးရုံသို့ တင်ထားတာ ဖြစ်ပါတယ်။ သားဖြစ်သူအတွက် သူမစိတ်ပူနေသလိုပဲ ပရိသတ်တွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

သားဖြစ်သူမှာ ဝမ်းလျှောပြီး သွေးပါ ပါနေတဲ့အတွက် အခုလိုမျိုး ရုတ်တရက် ဆေးရုံတင်လိုက်ရတယ် ဆိုတဲ့အကြောင်းကိုလည်း သူမကိုယ်တိုင် ကောမန့်မှာ ပြန်ပြီး ပြောပြထားတာလည်း တွေ့ရပါတယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။

 

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။ ခင်ဇာခြည်ကျော်တို့ရဲ့ မိသားစုပုံစံလေးကတော့ ပရိသတ်တိုင်းရဲ့ အားကျချစ်ခင်မှုကို ရရှိနေတုန်းပါဘဲ။ခင်ဇာခြည်ကျော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သားနဲ့ သမီးကို ချစ်ခင်အားပေးကြလို့ ဝမ်းသာတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က