နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မှာပါ။

Photo : အောန်ဆိုင်း FB

 

မော်ဒယ်လောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိထားတဲ့ အောန်ဆိုင်းကို မကြာခင်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ ရတာ့မှာ ဖြစ်ပါတယ်။ မကြာခင် ရိုက်ကူးမယ့် "နိုင်ငံကြီးသား" ဆိုတဲ့  ရုပ်ရှင်မှာ အောန်ဆိုင်းအနေနဲ့ ပါဝင်သရုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားဟာ သူမရဲ့ ကာရိုက်တာနဲ့ အရမ်းကို အံဝင်ခွင်ကျ ဖြစ်နေတာကြောင့် ရိုက်ကူးဖို့ လက်ခံခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

Photo : အောန်ဆိုင်း FB

 

"Awn Seng ချစ်ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့ နိုင်ငံကြီးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ဒီနေ့ ကန်တော့ပွဲပေးပြီး မကြာခင်ရိုက်ဖြစ် ပါပြီ။ ဒါပေမဲ့ တချို့သောချစ်ရတဲ့ ပရိတ်သတ်တွေက Awn Sengကို မော်ဒယ်အလုပ်တွေ မလုပ်ဖြစ်တော့ပဲ သရုပ်ဆောင်ပဲ လုပ်သွား တော့မလား စိတ်ပူကြပါတယ်။ စိတ်မပူကြပါနဲ့လို့ Awn Sengက ဒီဇာတ်ကားလေးထဲက ကာရိုက်တာနဲ့ အရမ်းအံဝင်ခွင်ကျ ဖြစ်နေလို့ ရယ်  ချစ်ရတဲ့ သူတွေကလဲ အားပေးမယ်ဆိုလို့ရယ် ဒီကားလေးကို ရိုက်ဖြစ်သွားတာပါ" ဆိုပြီး ဇွန်လ(၂၅) ရက်နေ့ နေ့လည်လောက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : အောန်ဆိုင်း FB

ဘဝမှာ အပျော်ရွှင်ဆုံး နေ့တစ်နေ့လို့ ဆိုလိုက်တဲ့ အောန်ဆိုင်း 

ဒီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးသွားရင်လည်း သူမဟာ အရင်က အောန်ဆိုင်းပါပဲဆိုပြီး ပြောထားပါသေးတယ်။

"ဒီကားလေးပြီးရင်လဲ အရင်က Awn Sengပါပဲလို့ ချစ်ပေးကြတဲ့အတွက် တကယ့်ကိုစိတ်ရင်းနဲ့ Awn Seng အတွက် စဉ်းစားပေးကြတဲ့ အတွက် အရမ်းဝမ်းသာရပါတယ်။ ပရိတ်သတ်ကြီးကိုလဲ အရမ်းချစ်ပါတယ်နော် အများကြီးထပ်ချစ်ပေးပါ ဂရုစိုက်ပေးပါ love you all" ဆိုပြီး ဆက်ပြောထားပါသေးတယ်။

Photo : အောန်ဆိုင်း FB

 

အောန်ဆိုင်းပါဝင်မယ့် "နိုင်ငံကြီးသား" ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးမှာ ဖြစ်ပြီး နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီးနဲ့ အောန်ဆိုင်းတို့က အဓိက ပါဝင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က