ကျင့်တဲ့သူရော အကျင့်ခံရတဲ့ သူမှာရော မရှိပါဘူးတဲ့။
 

မုဒိမ်းမှု အပါအဝင် ပုဒ်မ(၃)ခုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(ဇွန်လ၂၅ရက်)မှာ (၇)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။  ဒီနေ့ ရုံးထုတ်စစ်ဆေးမှုမှာ တရားလိုနဲ့ မှုခင်းဆရာဝန်တို့ကို  စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်များအရ တရားလိုဖြစ်သူနဲ့ စွပ်စွဲခံရသူတို့မှာ သုတ်ပိုး၊ သုတ်ရည်တွေ့ရှိခဲ့ခြင်း မရှိခဲ့ဘူးလို့ စွပ်စွဲခံရသူရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ့ ဦးကျော်ဇင်ဦးက  ဗီဒီယာတွေကို ပြောခဲ့ပါတယ်။

"ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီး သုတ်ပိုး၊ သုတ်ရည်အဓိကတွေ့ရှှိရမှာ၊ အခု ကျင့်တဲ့သူရော ၊ အကျင့်ခံရတဲ့သူရောမှာ မရှိပါဘူးဆို မီဒီယာတွေရော ဘယ်လို အဖြေပေးမလဲ" လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေက ဒီနေ့(ဇွန်လ၂၅ရက်) ရုံးထုတ်အပြီးမှာ ပြောခဲ့တာပါ။

ထို့အပြင် နောက်တစ်ကြိမ် ရုံးချိန်းမှာ သက်သေအဖြစ် တင်ပြခဲ့တဲ့ Cele 7 ဗီဒီယိုဖိုင်ကို သက်သေအဖြစ် လက်ခံခြင်း ရှိ၊မရှိကို တရားရုံးက ဇူလိုင် (၂) ရက်နေ့မှာ ဆုံးဖြတ်ပြီး အမိန့်ချသွားမှာ ဖြစ်သလို တရားလိုအားဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

(၇)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုမှာ အဆိုတော် အစ္စဏီက ယခုအချိန်အထိ သူ့ကို ယုံကြည်ပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ကြောင်း မီဒီယာများကို ဖြေဆိုပေးခဲ့ပါသေးတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က