ပျော်စရာကြီး။

Photo : ဇော်ပိုင် FB


 

အဆိုတော် ဇော်ပိုင်တို့ မိသားစုလေးက သားလေးကျောင်းပိတ်ရက်မှာ ပြည်ပသို့ ခရီးထွက်နေတာ တွေ့ရပါတယ်။ သားသားလေး သွားချင်တဲ့ နေရာလေးတွေကို လိုက်ပို့ပေးဖြစ်နေတာလည်း  တွေ့ရပါတယ်။ယခုလက်ရှိ သူတို့မိသားစုလေးက အင်ဒိုနီးရှားနိုင်ငံ Gianyar သို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ သားလေးရဲ့ ကျောင်းပိတ်ရက်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ သူတို့မိသားစုရဲ့ ပုံရိပ်လေးတွေကိုကြည့်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်။

Photo : ဇော်ပိုင် FB

 

"ဒီနေ့ကတော့ ဟိုတယ်ထဲမှာပဲတစ်နေကုန်တယ်။ သူချစ်တဲ့တိရိစ္ဆာန်ကောင်လေးတွေ လည်းအကုန်ရှိတယ် ဆိုတော့အပြင် မထွက်ရတော့ဘူး" ဆိုပြီး ဇော်ပိုင်က ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၅) ရက်နေ့က ရေးသားထားတာလည်း တွေ့ရပါတယ်။

အခုဆိုရင်သားသားရွှေပိုင်က အသက်(၆)နှစ်ကျော်သွားပါပြီ။အဆိုတော် ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ရဲ့ တစ်ဦးတည်းသော သားလေးလ ည်း ဖြစ်ပါတယ်။

Photo : ဇော်ပိုင် FB

မွေးနေ့မှာ ဖိုးဖိုးဖွားဖွားတို့နဲ့အတူ ဘုရားသွားခဲ့တဲ့ ဇော်ပိုင်ရဲ့ သားလေး 

အဖေနဲ့အမေဆီက အချောအလှတွေ အကုန်ရထားတဲ့ သားလေးဆိုလည်း မမှားပါဘူး။ ဇော်ပိုင်က သားလေးကို ထူးချွန်ထက်မြတ်ပြီး တော့ ပညာတတ်တဲ့ သားလေးတစ်ယောက်ဖြစ်စေချင်တယ်ဆိုတဲ့ အကြောင်းကို ယခင်က အင်တာဗျူးတွေမှာလည်း ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ဇော်ပိုင် FB

 

"သားလေးကိုထူးချွန်ထက်မြတ်တဲ့ ပညာတတ်တဲ့ သားလေးတစ်ယောက်ဖြစ်စေချင်တယ်။ သူငယ်ငယ်တစ်နှစ်တုန်းကစ မွေးနေ့စ လုပ်တယ်။ ၃နှစ်တုန်းကလည်း လုပ်ပေးဖြစ်တယ်။ အခု ၅နှစ်ပြည့်က သူပိုပြီးသိလာပြီပေါ့။ သားလေးကို ချစ်ခင်ပေးကြ သူတွေကို လည်းအထူး ကျေးဇူး တင်ပါတယ်"လို့ ဖခင်ဖြစ်သူဇော်ပိုင်က ပြောခဲ့ပါသေးတယ်။ သားလေးကို ချစ်ခင်ပေးကြ သူတွေကို လည်း အထူးကျေးဇူးတင်ပါတယ်"လို့ ဖခင်ဖြစ်သူဇော်ပိုင်က ပြောပါတယ်။

အဆိုတော် ဇော်ပိုင်ဟာ ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုုတော် တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က