ပရဟိတသမားတစ်ဦးကတော့ မေသက်ခိုင်ကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
 

သရုပ်ဆောင်မေသက်ခိုင်တစ်ယောက် ဇွန်လ ၂၅ ရက်နေ့က သူ့ရဲ့ သွေးနဲ့ လူနာတစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ခါ သွေးလှူဒါန်းမှုကတော့ မေသက်ခိုင်အတွက် စတုတ္ထမြောက် သွေးလှူဒါန်းမှု ဖြစ်ပါတယ်။

'' မင်္ဂလာပါလေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်ရှိခြင်း။ 25.6.2018(6:55pm/9:11pm) A+ သွေးအလှူရှင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မမေသက်ခိုင်အားလူနာရှင်များကိုယ်စားအထူးကျေးဇူးတင်ရှိရပါသည်။ လူနာအမည် ဦးသိန်းကျော်၊ အသက် (၅၈)နှစ်၊ ဖြစ်ပွား ရောဂါ သွေးအားနည်းသွေးအမျိုးအစား A(positive) (၁လုံး) ၊ ဆေးရုံအမည် OSC Hosptial ၊ တောင်းခံသူ ဒေါ်ခင်သန်းဝင်း လာရောက်လှူဒါန်း ပေးပါသောသွေးအလှူရှင်အားအထူးကျေးဇူးတင်ရှိပါသည်။ မိမိသွေးဖြင့်အသက်ကယ်ကြပါစို့။ ဦးလရောင်နေ(တကိုယ်တော်ပရဟိတ)'' ဆိုပြီး တော့ ဦးလရောင်နေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

 

ဇွန်လ ၂၅ ရက်နေ့မှာပဲ မေသက်ခိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ '' ၄ ကြိမ်မြောက် သွေးလှူဒါန်းခွင့်ရ'' ဆိုပြီးတော့ ရေးသားခဲ့ပါသေးတယ်။ မေသက်ခိုင်ဟာ ဖေဖော်ဝါရီလတုန်းကလည်း နှလုံးရောဂါနဲ့ ခွဲစိတ်မှုခံယူရမယ့် ကလေးလေးအတွက် သွေးလှူပေးခဲ့ပါသေးတယ်။ ကလေးငယ်လေးရဲ့ ခွဲစိတ်မှုဟာအောင်မြင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မေသက်ခိုင်ဟာ ၂၀၁၆ခုနှစ်က သူမရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့အမှတ်တရအလှူအဖြစ် ခန္ဓာကိုယ်တစ်ခုလုံးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။

Share

Loading Next Article...
က္က