ပရိသတ်တွေနဲ့အတူ ကုသိုလ်လုပ်ခဲ့တာပါ။
 

အဆိုတော် ပိုပိုက ပရိသတ်တွေနဲ့အတူ အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။  အဲ့ဒီအလှူက ဘောဇနဝိဟာရ သုံးထပ်ဆွမ်းစားကျောင်းဆောင်ကြီး ဆောက်လုပ်လှူဒါန်းဖို့အတွက် အလှူငွေ (၂၈)သိန်းကျော်လှူဒါန်းခဲ့တာပါ။ အဲ့ဒီအလှူနဲ့ ပတ်သက်ပြီးတော့လည်း ပိုပိုရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

 

"ဘောဇနဝိဟာရ သုံးထပ်ဆွမ်းစားကျောင်းဆောင်ကြီးကို ပါဝင်လှူဒါန်းကြသော အနုပညာရှင် မောင်နှမများနဲ့ ပရိတ်သတ်များ သာဓု အနုမောဓနာ ခေါ်ဆိုကုန်ကြပါစေသော်  ၂၈၅၂၀၀၀ ကျပ် ၂၈ သိန်း ၅သောင်း ၂ထောင်ကျပ် ပါ" ဆိုပြီး ဇွန်လ(၂၆) ရက်နေ့က ပြောထားတာပါ။

သူမရဲ့ အလှူနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကသာဓုခေါ်ထားကြပါသေးတယ်။

ပိုပိုဟာ အလှူနဲ့ ပတ်သက်လာရင် လက်မနှေးတတ်သူ တစ်ဦးပါ။နေ့စဉ်သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

 

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က