အရင်တုန်းကလည်း အိမ်ထောင်ကျခဲ့ဖူးတယ်တဲ့။

Photo : ဥက္ကာမင်းမောင် FB

 

ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ ပုံတချို့နဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပြန့်နေတဲ့ ပုံတွေဟာ နိုင်ငံခြားသား ကောင်လေးတစ်ယောက်က ဥက္ကာမင်းမောင်ကို နမ်းနေတဲ့ ပုံတွေဖြစ်ပါတယ်။ အဲ့ဒီပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့ ဥက္ကာမင်းမောင်က သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ  ဗီဒီယိုဖိုင်နဲ့အတူ အမှန်အတိုင်း ဝန်ခံခဲ့ပါတယ်။

Photo : ဥက္ကာမင်းမောင် FB

 

သူဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးတယ်တဲ့။ သူ့ရဲ့ ခင်ပွန်းဟာ ၂၀၁၆ခုနှစ်မှာ ရုတ်တရက် ဆုံးသွားခဲ့တာ ဖြစ်တယ်ဆိုပြီး သူတင်ထားတဲ့ ဗီဒီယိုဖိုင်လေးထဲမှာ ပြောပြထားပါတယ်။

"ကျွန်တော်အရင်က အိမ်ထောင်ကျဖူးတယ်။ ကျွန်တော်ခင်ပွန်းဟာ ၂၀၁၆ခုနှစ်ဖေဖော်ဝါရီလောက်က ရုတ်တရက် ဆုံးသွားခဲ့တာပါ။ ကျွန်တော်တို့ Relationship က (၅)နှစ် အိမ်ထောင်သက်တမ်းက(၃)နှစ်ပါ။ကျွန်တော်တို့မှာ ခွေးလေးနှစ်ကောင်ရှိတယ်။ ကျွန်တော်တို့ ဘဝအေးချမ်းတယ်။ သာမန်မိသားစုဘဝလေးလို နေတယ်။ တခြားသူတွေ ထင်သလို ဂေးနှစ်ယောက်က အိမ်ထောင်ပြုလိုက်ရင် မျိုးတုန်းသွားမယ်တို့ မျိုးစုံပြောကြတယ်။ တကယ်တော့ မဆိုင်ပါဘူး။ ဒီလူတစ်ယောက်သည် အခြားသူတစ်ယောက်အပေါ်မှာ ချစ်လို့ရတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်ဟာပေါ် ပို့ပြီး အားပိုသာတယ်ဆိုတာ သူတို့ကိုယ်သူတို့ပဲ သိကြတယ်။တချို့ကျတော့လည်း ပတ်ဝန်းကျင်ကြောင့် မိသားစုကြောင့် ထုတ်မပြောတာတွေ ရှိကြတယ်။ ကျွန်တော် မိန်းကလေး ရည်းစားလေး ထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဘယ် ဘက်ကို ရာခိုင်နှုန်းများလည်းဆိုတာ ကျွန်တော့်ကို ကျွန်တော်သိတယ်။ ကိုယ်မပျော်နိုင်တဲ့ဘဝမှာ ဘယ်သူကိုမှလည်း ဒုက္ခမပေးချင်ဘူး။ ကျွန်တော်ပျော်သလိုပဲ ကျွန်တော့်ဘဝကို ဆက်သွားချင်တယ်။" လို့ သူတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောထားပါတယ။်

Photo : ဥက္ကာမင်းမောင် FB

 

ဒီပုံတွေ ထွက်သွားပြီးနောက်ပိုင်းမှာလည်း ရှေ့ဆက်မယ့် သူ့ရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုလို ဆက်ပြောပြခဲ့ပါသေးတယ်။

"ကျွန်တော်အိမ်ထောင်ဘက်ကောင်းတစ်ယောက် ရခဲ့ပြီးပါပြီ။ နောက်ထပ်ဒီလိုမျိုး ထပ်ရလိမ့်မယ်လို့လည်းမ ထင်ထားဘူးပေ့ါနော်။ ပုံတွေပြန့် သွားတုန်းကလည်း အမေက ပြောပါတယ်။ နင့်ကို ဇာတ်ကားရိုက်ဖို့ ငှားချင်မှ ငှားတော့မှာတဲ့။ ဒါကတော့ ကံတရားပေ့ါ။ မရိုက်ရတော့လည်း မရိုက်ရဘူးပေ့ါ။အစောကြီးတည်းကလည်း ဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ရသလောက် လုပ်ခဲ့ပြီးပြီ။ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ထုံးစံအရ ဒါမျိုး လက်မခံဘူးဆိုတာ သိတယ်။ အခုချိန်ကျမှလည်း အတင်းကြီး ဇွတ်မလိမ်ချင်ဘူး။ ကျွန်တော်အခု အရမ်းပျော်တယ်။ ကျွန်တော့်ရဲ့ ပါတနာက ကျွန်တော့်ကို အရမ်းချစ်တယ်။ကျွန်တော့်ကို ကျွန်တော်မှားတယ်လို့မထင်ပါဘူး။ နောင်တလည်းမရဘူး။ နောက်ထပ်လည်း ကံကောင်းရင်ဇာတ်ကားတွေ ရိုက်ခွင့်ရရင် ရိုက်ရမှာပေါ့။ ကိုယ်ပိုင် ထုတ်ရိုက်ဖို့တော့ မရှိပါဘူး။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေ ရှိနေတာနဲ့တင် ကျွန်တော်ကျေနပ်ပါတယ်။ ဆဲနေတဲ့သူတွေကိုလည်း အပစ်မပြောပါဘူး။ကိုယ့်သမိုင်းကိုယ်ရေးကြတဲ့ သူတိုင်းမှာ ကျွန်တော့်ဘဝကို ကျွန်တော်အလှပဆုံး ရေးခဲ့ပြီးပြီ။ " လို့ ဗီဒိယိုထဲမှာ ဆက်လက်ပြောထားပါသေးတယ်။

 

ဥက္ကာမင်းမောင်ကိုယ်တိုင် ဂေးဆိုတာ ဝန်ခံလိုက်ပြီးနောက်ပိုင်းမှာလည်း သူ့ကို ဝန်းရံပေးတဲ့ ပရိသတ်တွေလည်း ရှိလို့လာခဲ့ပါတယ်။ မရှက်မကြောက်ပဲနဲ့ ဝန်ခံရဲတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့်ပရိသတ်တွေကော အနုပညာအသိုင်းအဝိုင်းထဲက သူတွေရောပဲ သူ့ကို ဝန်းရံပေးနေကြတာ တွေ့ရပါတယ်။ ဥက္ကာမင်းမောင်း ကိုယ်တိုင်ပြောထားတဲ့ ဗီဒိယိုဖိုင်လေးကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်လည်း ဗီဒီယိုဖိုင်လေး ပြန်ထည့်ပေးလိုက်တယ်နော်။

Photo : ဥက္ကာမင်းမောင် FB

 

ဥက္ကာမင်းမောင်အနေနဲ့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားပါသေးတယ်။

Share

Loading Next Article...
က္က