သားသားလေးက (၃)နှစ်ပြည့်သွားပါပြီ။
 

အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ပြေဓီရက အခုဆိုရင် (၃)နှစ်ပြည့်သွားပါပြီ။ သားငယ်လေး ပြေဓိရဟာ ဇွန်လ(၂၇) ရက်နေ့က (၃)နှစ်ပြည့်သွားတာပါ။ သားလေး ရဲ့ မွေးနေ့ကို နေအိမ်မှာပဲ မိသားစုနဲ့ ပျော်ပျော်ပါးပါး မွေးနေ့ပွဲလေး ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။


 

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုဟာ ဇွန်လ(၂၇) ရက်နေ့ မနက်က ပြင်ဦးလွင်ကနေ ရန်ကုန်ကို ပြန်ရောက်ခဲ့တာ ဖြစ်ပြီး ညပိုင်းမှာ သားလေးအတွက် မွေးနေ့ကိတ်ခွဲဖို့ စီစဉ်ပေးခဲ့တာပါ။ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး မွေးနေ့ကိတ်ခွဲခဲ့တဲ့ သားလေးရဲ့ ပုံရိပ်လေးကိုလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က အမှတ်တရလေး ဖြစ်အောင် ဗီဒီယိုလေးနဲ့ မှတ်တမ်းတင်ထား ပါတယ်။

ဗီဒီယိုလေးထဲမှာ သားလေးနဲ့အတူ မိသားစု အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ Birthday Wish လုပ်ပေးနေတာ ကြည့်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။



 

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ"

ရင်ဘက်ထဲကဓား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

ပြေတီဦး(Pyay Ti Oo)ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာတော့ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်လောက်မှာ မြနမာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင် ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီး တဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကားအစီအစဉ်မှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားများမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည်မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာသူ ဖြစ်ပါတယ်။

 

ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ခုနှစ်မှာ "လက်ပံ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က