AD
AD
AD
play

 

သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ သူ့ရဲ့ ချစ်သူနဲ့ နမ်းနေကြတဲ့ ဓာတ်ပုံတွေ  အွန်လိုင်းပေါ်မှာ ပြန့်ခဲ့တာကြောင့် ပရိသတ်တွေ ကြားထဲမှာ အရမ်းကို ဂယက်ရိုက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂေးတစ်ယောက်ဖြစ်ကြောင်း ကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရင်ဖွင့်ပြောပြခဲ့ ပါသေးတယ်။ အခုချိန်မှာတော့ အနုပညာအကြောင်းအရာက လွဲပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘယ်မီဒီယာကိုမှ အင်တာဗျူးမဖြေ တော့ဘူးလို့ ဆိုပါတယ်။

'' ယခုအချိန်တွင် အနုပညာကိစ္စရပ်များကိုမေးသည်မှလွဲ၍ မည်သည့်အင်တာဗျူးမှ မဖြေတော့ပါခင်ဗျာ။ စာနယ်ဇင်းများ မီဒီယာ သာ ကွဲပြား ပေမယ့် မေးခွန်းတွေက ဆင်တူတွေဖြစ်သလို ပရိတ်သတ်တွေ သိပြီးသား ဒီအဖြေကိုပဲ ထပ်ခါတလဲလဲ မပြောချင်တော့သည့်အတွက် နောက် ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်နေသည့်အတွက် ဖြေကြားပြီး ပရိတ်သတ်ဘက်ကတုန့်ပြန်လာသည့် နောက်ဆက်တွဲအကျိုးဆက်သည် အဆိုးရော၊ အကောင်းရော ဒွန်တွဲ အဆဲအဆိုခံရတာ ကျွန်တော်တင်မက မိသားစုပါထိခိုက် လာသည့်အတွက် ကျွန်တော့်ကြောင့် ကျွန်တော့်မိသားစု စိတ်အနှောက်အယှက်မဖြစ်စေချင်ပါ'' ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

သူ့အနေနဲ့ ပရိသတ်အားလုံး သိထားပြီးသားအကြောင်းအရာလည်းဖြစ်လို့ ထပ်မဖြေချင်တော့တာလို့ ဆိုပါတယ်။ ဒါကိုလည်း မီဒီယာတွေက နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ သူကဆိုပါတယ်။

''ကျွန်တော့်အကြောင်းလဲ ပွင့်လင်းစွာပြောထားပြီးပါပြီ ပရိတ်သတ်များအားလုံး သိပြီးနေသည့်အလျောက် Personal ကိစ္စများ နောက်ထပ် ဖြေကြားလိုခြင်းမရှိတော့ပါ။ အနုပညာပြန်လည်လုပ်ကိုင် ဖြစ်လျင် အနုပညာနဲ့ပါတ်သက်ပြီး အချိန်မရွေးမေးနိုင်ပါသည်။ ဖြေကြားခဲ့သည့် မီဒီယာများ မှလွဲ၍ မေးခွန်းများပို့ထားသည့် တခြားမီဒီယာများအား တောင်းပန်အပ်ပါသည်။ ဘယ်မီဒီယာကိုမှ မျက်နှာလိုက်ခြင်းလည်း မဟုတ်သလို ကျွန်တော့် ဘက်က ကိုယ်ချင်းစာ နားလည်ပေးနိုင်လိမ့်မည်ဟုထင်ပါသည်။ အားလုံးကိုကျေးဇူးအထူးပါခင်ဗျာ။ စာနယ်ဇင်းများအားလုံးကို လေးစားစွာဖြင့်'' လို့ သူကဆိုပါတယ်။

play

 

ဥက္ကာမင်းမောင်ကိုယ်တိုင် ဂေးဆိုတာ ဝန်ခံလိုက်ပြီးနောက်ပိုင်းမှာလည်း သူ့ကို ဝန်းရံပေးတဲ့ ပရိသတ်တွေလည်း ရှိလို့လာခဲ့ပါတယ်။ မရှက်မကြောက်ပဲနဲ့ ဝန်ခံရဲတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့်ပရိသတ်တွေကော အနုပညာအသိုင်းအဝိုင်းထဲက သူတွေရောပဲ သူ့ကို ဝန်းရံ ပေးနေကြတာ တွေ့ရပါတယ်။ ဥက္ကာမင်းမောင်အနေနဲ့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD