တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်မှုတွေ ယူထားရလဲ။

Photo: ANyein Phyu Fb



 

ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာတွဲခဲ့တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ မော်ဒယ်လ်မလေး ဧငြိမ်းဖြူ တို့ရဲ့ အချစ်ရေးဟာ အခုလက်ရှိမှာ အဆင်ပြေပြေ ရှိနေပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦး စိတ်ဆိုး စိတ်ကောက်ဖြစ်နေကြအချိန်မှာ မနက်ပိုင်းက ဧငြိမ်းဖြူရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ '' We Broke Up'' ဆိုပြီး ဇွန်လ ၁၀ ရက်နေ့ က ရေးသားခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး သူတို့ နှစ်ဦးစလုံးက ဇွန်လ ၂၄ ရက်နေ့ ညက Junction City မှာ ကျင်းပပြလုပ်ခဲ့တဲ့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေရှင်းပြောပြခဲ့ကြပါတယ်။

'' သူ့စိတ်က မိန်းကလေးဆိုတော့ ခံစားချက်က အရမ်းများတယ်။ ပြင်းထန်တယ်။ ကျွန်တော်ဆို ရန်ဖြစ်လည်း အေးအေးဆေးဆေးပဲ။ ကျွန်တော့် ဘာသာ နေတတ်တယ်။ မိန်းကလေးကျတော့ စကားပြောဖော်တွေ၊ သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ချင်တာ နေမှာပေါ့'' လို့သူက ဆိုပါတယ်။

'' We Broke Up'' ဆိုတဲ့ စာသားလေး တင်ဖြစ်ခဲ့တဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

'' သမီးရည်းစား ဒီလိုပဲ ရန်ဖြစ်ကြတာပေါ့နော်။ ညီမလည်း အရင်ကတည်းက ကလေးစိတ်ဆိုတော့ ဘာမှ မစဉ်းစားပဲနဲ့ တင်လိုက်မိတာပေါ့။ ပရိသတ်တွေ စိတ်မပူကြပါနဲ့ ညီမတို့ နှစ်ယောက် အဆင်ပြေပါတယ်။ ညီမတို့ နှစ်ယောက်က ပြဿနာကြီးကြီးမားမား တစ်ခါမှမဖြစ်ဖူးဘူး။ ပြဿနာဖြစ်လာရင်လည်း ပြဿနာတွေက နည်းနည်းလေးတွေနှစ်ယောက် အလိုမကျပဲ စကားများကြတာလေးတွေပါပဲ။ '' လို့ ဆိုပါတယ်။

Photo: ANyein Phyu Fb

 

တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလေ့ရှိတဲ့ ချစ်သူ နှစ်ဦးမှာ ဧငြိမ်းဖြူအတွက် ရဲရင့်အောင်က သူငယ်ချင်းလို၊ အစ်ကိုတစ်ယောက်လို၊ အုပ်ထိန်းသူ တစ်ယောက်လိုပါပဲ လို့ ဆိုပါတယ်။

''တစ်ခါတလေ သူငယ်ချင်းပေါ့၊ တစ်ခါတလေ အစ်ကိုဖြစ်တယ်။ တစ်ခါတလေ သူ့ကို အုပ်ထိန်းသူတစ်ယောက်လို ပြောလို့ရရင် ပြောတယ်။ တစ်ခါတလေကျရင်တော့ သမီးရည်းစား ချစ်သူလိုပါပဲ'' လို့ ရဲရင့်အောင်က ပြောပါတယ်။

ရဲရင့်အောင်လိုအပ်မယ့် အစစအရာရာတွေကို လိုက်ဖြည့်ဆည်းပေးတတ်တဲ့ ဧငြိမ်းဖြူကလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ညီမက သူ့ကိုအကုန်လုပ်ပေးတယ်။ သူ့ရဲ့ အဝတ်အစားတွေက ဘာတွေလုပ်၊ အိပ်ရာထတဲ့အချိန်က ပြီးရင် ဘာစားသင့်တယ် ဆိုတာကို ဘေးနားကနေလိုက်ပြောပေးတယ်။ အဲ့ဒီလိုလေးတော့ ညီမက လိုက်ဖြည့်ဆည်းပေးတယ်'' လို့ ဆိုပါတယ်။

Photo: ANyein Phyu Fb

လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ ဧငြိမ်းဖြူ 

လွန်ခဲ့တဲ့ ၅ နှစ်က ရဲရင့်အောင်နဲ့ မတူအောင် အရမ်းပြောင်းလဲ သွားတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဧငြိမ်းဖြူ က ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သူကအရမ်းပြောင်းလဲသွားတယ်၊ လွန်ခဲ့တဲ့ ၅ နှစ်က ရဲရင့်အောင်နဲ့ လုံးဝမတူဘူး။ သူကတော့ သူ့မိဘတွေအပေါ်မှာလည်း သူနားလည်တတ်လာတယ်။ မိန်းကလေးတွေက ဒီလိုပါလားဆိုပြီးတော့ သူ့အမေအပေါ်မှာလည်း သူနားလည်တတ်လာတယ်။ အရင်တုန်းကဆိုရင် ဒီလိုမျိုးတွေ သူနားမလည်တတ်ဘူးပေါ့နော်။ မိဘအပေါ်မှာရော၊ သူ့ပတ်ဝန်းကျင်တွေအပေါ်မှာရော လူတွေက ဘယ်လိုစိတ်ရှိတယ်၊ ငါပြောလိုက်ရင် ဘယ်လို ခံစားသွားနိုင်မယ် ဆိုတာတွေကို သိလာတယ်'' လို့ သူကဆိုပါတယ်။

 

Photo: ANyein Phyu Fb

 

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ချစ်သူသက်တမ်း ၁ နှစ်ကျော်မှာလည်း ရဲရင့်အောင်က ၂၄ နာရီသဝန်တိုရုံမကဘူး အိမ်မက်ထဲမှာ ဖောက်ပြန်နေတယ်လို့ ထင်ရင်တောင် နှိုးလာတဲ့အခါ ပြဿနာရှာတတ်လောက်အောင် သဝန်တိုတယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဧငြိမ်းဖြူက ဖြေဆိုခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က