မိသားစုဘဝလေးနဲ့ သာယာနေတာကို ။

Photo : နန္ဒာလှိုင် FB


မိသားစုကို အချိန်ပေးဖြစ်နေပြီး သာယာတဲ့ မိသားစုဘဝလေးရအောင် ကြိုးစားနေတဲ့ နန္ဒာလှိုင်ကို တိုက်ခိုက်တဲ့ သူတွေ ရှိနေတယ်တဲ့။ ကြွားကြွားဝါဝါလဲမနေတတ်သလို အေးအေးဆေးဆေးပဲ နေတတ်တဲ့ သူမကို ဘာလို့ တိုက်ခိုက်နေကြတာလဲဆိုပြီး တိုက်ခိုက်နေကြတဲ့ သူတွေကို နန္ဒာလှိုင်က ပြန်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။

Photo : နန္ဒာလှိုင် FB


"ပြင်ပြင်ဆင်ဆင်လဲမနေတတ်ပါဘူး ဟိုးအရင်ထဲကပါ ရိုက်ကွင်းသွားတဲ့အချိန်ကလွဲရင်သနပ်ခါးနဲ့ဘဲနေတာပါ။ ကြွားကြွားဝါဝါလဲ မနေတတ်ပါဘူး ။ မဖြစ်မနေကျမှနားကပ်လေးလက်စွပ်လေးဝတ်တာပါ။ ကျန်တဲ့အချိန်ဆိုနားပေါက်ဟောင်းလောင်းပါ အခုလက်ရှိမိဘအိမ်မှာဘဲနေပါတယ်။အမေ့ခြံထွက်ဒူးရင်းသီးကြက်မောက်သီးတွေ လဲဝိုင်းရောင်းပေးပါတယ်။ ကိုယ်တိုင်လဲခွဲပေးပါတယ် ။အဲလိုလုပ်ရတာလဲပျော်ပါတယ်။အလုပ်သွားတဲ့အချိန်ကလွဲရင် မိသားစုကိုဘဲအချိန်အပြည့်ပေးပါတယ်။ မိသားစုဘဝသာယာအေးချမ်းအောင် အစွမ်းကုန်ကြိုးစားပါတယ်။အဲဒီအတွက်လဲကျေနပ်ပျော်ရွှင်ပါတယ်။ အဲဒီလိုနေတတ်တဲ့ ကျွန်မကိုလာလာပြီး တိုက်ခိုက်နေတာဘာကြောင့်လို့ သတ်မှတ်ရမလဲဟင်?" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလှိုင်(၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နန္ဒာလှိုင် FB

မွန်ပြည်နယ် ရေဘေးအတွက် သိန်း(၁၀၀)လှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နံှ 

သူမရဲ့ ပရိသတ်တွေက တိုက်ခိုက်နေတဲ့ သူတွေကို ဂရုမစိုက်ဖို့ကောမန့်တွေပဲ ပြောထားကြပါသေးတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။


Photo : နန္ဒာလှိုင် FB


အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က