ဘာတွေ ဝေခွဲမရဖြစ်နေတာလဲ။

ဆယ်စုနှစ်များစွာ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ အဆိုတော် ကော်နီက မိခင်နဲ့ အလုပ်တွေကြားထဲမှာ ဝေခွဲမရ ဖြစ်လို့ နေပါတယ်။ ပြည်ပခရီးပဲ သွားရမလား မိခင်ဘေးနားမှာပဲ နေပြီး အခွေပဲ ဆက်လုပ်ရမလား ဆိုပြီး ဒွိဟဖြစ် နေတာပါ။

Photo : ကော်နီ FB

 

အဆိုတော် ကော်နီက အလုပ်တွေများပြီး စိတ်ထဲမှာ ဝေခွဲမရတွေ ဖြစ်လို့နေပါတယ်။ လတ်တလောမှာ ပြည်ပခရီးတွေသွားဖို့ ရှိနေသေး သော်လည်း အမေအိုကြီးတစ်ယောက်ထဲကို မထားခဲ့နိုင်ဘူး ဖြစ်နေတယ်တဲ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ  ယခုလို ပြောထားပါသေးတယ်။

Photo : ကော်နီ FB

 

"အခုလောလောဆယ် စိတ်ထဲ ရင်ထဲမှာဘာဖြစ်နေလဲဆိုတော့ ပြည်ပခရီးတခုသွားဖို့ရှိသော်လည်း လုံးဝမသွားချင်တော့ဘူးလေ။ ဒီနှစ်မိုးတွင်းတရားစခန်းလေးဝင်ပြီး မပြီးပြတ်နိုင်သေးတဲ့စီးရီးအခွေလေးဘဲ ပြီးအောင်အဆုံးသတ်မလားစိတ်ကူးမိတယ်။ ရာသီဥတုကြီးက မကောင်းလေတော့ အမေအိုကြီးတယောက်ထဲ,မထားခဲ့နိုင်တာလဲပါတာပေါ့" ဆိုပြီး ဇူလိုင်(၂) ရက်နေ့က ကော်နီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo : ကော်နီ FB

 မုဒြာရဲ့ခေါ်သံ ဇာတ်ကားကို ကြည့်ပြီး ကျေနပ်မိတယ်ဆိုတဲ့ ကော်နီ

အမေနဲ့သမီးပဲ ရှိတဲ့ သူမရဲ့ ဘဝမှာ မိခင်ကို ထားခဲ့ပြီး အဝေးမသွားနိုင်ဖြစ်နေတဲ့ သူမရဲ့ စိတ်ဓာတ်လေးကိုလည်း ပရိသတ်တွေ က လေးစားလို့နေပါတယ်။ အဆိုတော် ကော်နီဟာ လက်ရှိမှာ ဂီတဖျော်ဖြေပွဲတွေ ဆက်တိုက်ဆိုသလို သွားနေပြီး သူမရဲ့ သီချင်းခွေ အတွက်လည်း ပြင်ဆင်နေတယ် သိရပါတယ်။

Photo : ကော်နီ FB

 

အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနားကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။

ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က