AD
AD
AD

မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်က မိခင်ဆီက ချောမောလှပမှုတင်မကဘူး၊ သရုပ်ဆောင်ပညာကိုလည်း ရရှိထားသူပါ။ သားဆီက အိုက်တင်ပညာတွေ ပြန်သင်ရမယ်လို့ မယ်လိုဒီက ပြောထားပါတယ်။

play
Photo : မယ်လိုဒီ FB

 

မယ်လိုဒီရဲ့ ချစ်စရာ ကောင်းလွန်းလှတဲ့ သားသားသိဒ္ဓိစစ်ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေး ဖြစ်ပါတယ်။  မယ်လိုဒီဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ သားလေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဗီဒိယိုလေးတွေကို အမြဲတမ်းတင်ဖြစ်နေသူပါ။ ဒီနေ့မှာ လည်း သားလေးရဲ့ လှုပ်ရှားမှု လေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေး တစ်ဖိုင်ကို တင်ထားတာ တွေ့ရပါတယ်။

အဲ့ဒီဗီဒီယိုလေးထဲမှာ သိဒ္ဓိစစ်ကို ဖခင်ဖြစ်သူက ဆူနေတာပါ။ ဖေဖေဆူနေလို့ ငိုနေတဲ့သားလေးကို မေမေက ငိုနေတာလားလို့ မေးလိုက်တဲ့ အခါ ရယ်ပြီးတော့ ငိုနေတာဆိုပြီး ပြန်ပြောခဲ့ပါတယ်။ အဖေလုပ်သူက ထပ်ပြီးတော့ ရိုက်မယ် ဟန်ပြင်တဲ့ အချိန်မှာတော့ ချက်ချင်းကို ပြန်ငိုသွားခဲ့တာပါ။ သားသားရဲ့ အိုက်တင်ပိုင်းက ဘယ်လိုတွေ ကောင်းလဲဆိုတာ အောက်က ဗီဒီယိုလေးမှာ ကြည့်ကြည့်နော်။

play

 

Postby

 

သားသားရဲ့ ဘဝမှာ အကြောက်ဆုံးက ဖေဖေဆူမှာနဲ့ စိတ်ဆိုးမှာ အကြောင်းဆုံးပါပဲဆိုပြီး မယ်လိုဒီက ပြောပြထားပါတယ်။

"ဖေဖေခရီးသွားရင် ပုံမှန်အိပ်ချိန်မှာအိပ်တယ်။ဖေဖေရန်ကုန်မှာ ရှိရင် တော့ ဖေဖေအိပ်ယာထဲမဝင်မချင်းမအိပ်ဘူး။ မနက်အိပ်ယာ နိုးတော့ ဖေဖေ့ကိုမမြင်တော့ ငိုတယ် ။ဘယ်လိုတွေ မေမေ့ရဲ့မနာလို စိတ်တွေကိုဆွနေတာလဲ  အိုက်တင်တွေကိုလဲ မေးဦး ပြန်တောင်သင်ရဦးမယ်" ဆိုပြီး ဇူလိုင်(၃) ရက်နေ့က မယ်လိုဒီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

 

မယ်လိုဒီရဲ့ ချစ်စရာကောင်းတဲ့ သားလေးသိဒ္ဓိစစ်က သုံးနှစ်ကျော်ထဲ ရောက်နေပြီဖြစ်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ ကျောင်း တက်နေရပြီ ဖြစ်ပါတယ်။ မိခင်ရဲ့ အလှနဲ့ဖခင်ရဲ့ အလှတွေကို ရရှိထားတဲ့ သားလေး သိဒ္ဓိစစ်ဟာ ပရိသတ်ရဲ့ ချစ်ခြင်းကို ခံရသူ ကလေးလေးလည်း ဖြစ်ပါတယ်။

play
Photo : မယ်လိုဒီ FB

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာ ပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD