AD
AD
AD

သရုပ်ဆောင် ဆုပန်ထွာတို့ ဇနီးမောင်နှံနှစ်ယောက် ကျောင်းထားပေးခဲ့တဲ့ မောင်ကောင်းပြည့်တစ်ယောက် ဒုတိယနှစ် ဆေးကျောင်းသားကြီး ဖြစ်လို့နေပါပြီ။ အရမ်းကို ရိုးသားလွန်းတဲ့ မောင်ကောင်းပြည့်တို့ မိသားစုလေးဟာ ဆုပန်ထွာ အတွက်တော့ ဒုတိယမိသားစုလေးလို့ ဆိုပါတယ်။

play
Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ Roar Roar လေးကို ကိုယ်ဝန်စဆောင်ကတည်းက မောင်ကောင်းပြည့် ကိုကျောင်းထားပေးခဲ့ကြတာ ဖြစ်ပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဒုတိယနှစ် ဆေးကျောင်းသားကြီး မောင်ကောင်းပြည့်ကို ကြည့်ပြီး ဆုပန်ထွာက ပီတိဖြာလို့နေပါတယ်။

'' Roar Roar လေး ဗိုက်ထဲမှာကတည်းက သူ့အတွက်ဆေးကျောင်းသားလေးဖြစ်စေချင်စိတ်နဲ့ အားပေးခဲ့ရတာ ခုသူ့မြင် တော့ ရင်ထဲဝမ်းသာစိတ်ပီတိလေးနဲ့" လို့ အစချီလို့ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဆုပန်ထွာက ရေးသားခဲ့ပါတယ်။

"Roar Roar လေးကလည်း 'တိုတို  ဒီမှာ ဝက်ဘစ် ဝက်ဘစ်' ဆိုပြီး သူ့ယုန်လေးကို တစ်ချိန်လုံး ခေါ်ပြနေရော။ မိသားစုထဲ Roar Roar လေးအတွက် အစ်ကိုတစ်ယောက်ရောက်လာသလိုလေး ခံစားရပါတယ်။ ရိုးသားတဲ့ မောင်ကောင်းပြည့်တို့မိသားစုလေးက ကိုဥက္ကာနဲ့ပန်ပန်တို့ အတွက်ဒုတိယမိသားစုလေးလိုပါပဲ'' လို့ ပန်ပန်က ဆက်လက်ရေးသားထားပါတယ်။

play
Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

မောင်ကောင်းပြည့်ဟာ ၂၀၁၅ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မိသားစု စားဝတ်နေရေးအရ ဆေးကျောင်းတက်ဖို့ မျှော်လင့်ချက် မဲ့ခဲ့ရတဲ့ သူ့ကို သရုပ်ဆောင် ဆုပန်ထွာတို့ ဇနီးမောင်နှံ ကိုယ်တိုင် ဆေးတက္ကသိုလ် ၂ ကျောင်းမှာ ကျောင်းအပ်ပေးပါတယ်။

 ဆေးကျောင်းအရမ်း တက်ချင်ခဲ့တဲ့ မောင်ကောင်းပြည့်ကို ကျောင်းထားပေးနိုင်ခဲ့တဲ့ အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံကလည်း ဝမ်းသာပီတိဖြစ်နေပါတယ်။ သိတတ်လိမ္မာပြီး အေးဆေးလွန်းတဲ့ မောင်ကောင်းပြည့်ကို သူတို့ဇနီးမောင်နှံက ဆရာဝန်ဖြစ်တဲ့ အချိန်ထိ အကောင်းဆုံး ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

play
Photo: ဆုပန်ထွာဖေ့စ်ဘွတ်

 

ဆုပန်ထွာဟာ အခုလက်ရှိမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီးဖျော်ဖြေပွဲတွေဆက်တိုက် ဆောင်ရွက်နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ယုံကြည်အားကိုးရတဲ့ ခင်ပွန်းနဲ့ အတူ အရမ်းကို ချစ်စရာကောင်းတဲ့ Roar Roar Kyaw ဆိုတဲ့ သားလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါ သေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD