ကလေးတွေပုံတွေသုံးပြီး စီးပွားရှာနေကြတာ။

ဖေ့စ်ဘွတ်ပေ့ချ်အတုတွေကြောင့် အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ စိတ်ညစ်နေကြပါတယ်။အဲ့ဒီပေ့ချ်အတုတွေဟာ သူတို့ရဲ့ ပုံတွေကို သုံးပြီး စီးပွားရှာရုံသာမက အခုဆိုရင် ကလေးလေးတွေရဲ့ ပုံကို သုံးပြီး စီးပွားရှာနေကြတာ ဖြစ်ပါတယ်။

Photo : ချစ်သုဝေ FB

 

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ သူတို့နာမည်တွေကို အသုံးချပြီး စီးပွားရေး လုပ်စားနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကြောင့် စိတ်ညစ်လို့နေပါတယ်။ကလေးတွေရဲ့ ပုံတွေကို အသုံးပြုပြီး ဈေးရောင်းနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေနဲ့ ပတ်သက်ပြီး ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ယခုလို ပြောပြထားတာ တွေ့ရပါတယ်။

Photo : ချစ်သုဝေ FB

 

"ဒါမျိုးကျတော့ ချစ်လို့ခင်လို့မဟုတ်ပဲ ကလေးတွေကို အသုံးချ အမြတ်ထုတ်တယ်လို့ မြင်ပါတယ်။ လူတွေဟာ စည်းကမ်းရော ကိုယ်ကျင့်တရား ရော ပျက်ယွင်းလာကြတာ စိတ်မကောင်းစရာ  ကိုယ့်ကိုတင်မက ကိုယ့်သားသမီးတွေကိုပါဆိုတော့ မလွန်လွန်းဘူးလား။ ကလေးတွေကို ချစ်ရင်လေ ကျွန်မ မချစ်သုဝေ treza သည် ဒီ account တစ်ခုတည်းသုံးပါတယ်နော်ဘာ page မှ မသုံးပါဘူး။

ဘယ်pageမှအစစ်မဟုတ်ပါလို့ စည်းမရှိဘောင်မရှိ ကလေးတွေကိုအသုံးချ စီးပွားအမြတ်ထုတ်ချင်သူများထောင်ထားကြတာပါလို့။ ကိုယ့် မိတ်ဆွေတွေ ထဲက မသိပဲ like လုပ်ထားသူများ သတိပါနော်!" ဆိုပြီး ဇူလိုင်(၄) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ချစ်သုဝေ FB

သူတို့ မိသားစု လေး အနှောက်အယှက် ကင်းကင်းနဲ့ စိတ်ချမ်းသာစွာ နေချင်ပါတယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။ သူတို့မိသားစု နာမည်သုံးပြီး စီးပွားရှာနေတဲ့ ပေ့ချ်တွေကို Report ထုရင်တော့ ပျက်နိုင်ပ့ါမလားဆိုပြီး စိုးရိမ်နေပါသေးတယ်။ ပရိသတ်တွေကလည်း အကောင့်တု တွေကို ဝိုင်းပြီး Report ထုပေးမယ်ဆိုပြီး ကောမန့်တွေမှာ ပြောထားကြပါသေးတယ်။

နလန်ထစ ဇနီးကို လိုလေသေးမရှိအောင် ပြုစုပေးနေတဲ့ လင်းလင်း 

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Photo : ချစ်သုဝေ FB

 

သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ အခုဆိုရင် မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်း ကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို လည်း ပါဝင်လို့နေပါပြီ။

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို မေမေချစ်သုဝေက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရမ်းချော၊ အရမ်းချစ်စရာကောင်းတဲ့ သူတို့လေး ၂ ယောက်ဟာ ပရိသတ်အချစ်တော် ကလေးလေးတွေလည်း ဖြစ်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က