AD
AD
AD

ဝိုင်းလေးက အချစ်ရေးနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ အင်တာဗျူးတွေ မဖြေတော့ဘူးလို့ ဆိုပါတယ်။ ဒီနေ့မှာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ သူမရဲ့ အချစ်ရေးအကြောင့် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါပြီ။

play
Photo : ဝိုင်းလေး IG

 

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့ ဝိုင်းလေးက လက်ရှိအချစ်ရေးအကြောင်းကိုလည်း ထပ်ပြီး ပြောပြလိုက်ပါတယ်။ လက်ရှိမှာ တစ်ယောက်တည်းဖြစ်သွားပြီဆိုတဲ့ သူမဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး public ချပြတာ အချစ်ရေးအကြောင်း အင်တာဗျူးဖြေတာ နောက်ဆုံးအကြိမ်ပဲလို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

play

 

"အချိန်တွေလည်း ကုန်ဆုံးခဲ့ပြီးပြီမို့ RS တခု ရေရှည်တည်တံ့ပြီး တသက်လုံး သစ္စာရှိရှိသွားဖို့ဆိုတာ မိန်းကလေးတယောက်ထဲ အတင်းလုပ်ယူ လို့မရသလို၂ဖက်လုံးနားလည်မှု ရှိမှ လက်တွဲဖော်ဖြစ် လာပါလိမ့်မယ် ဘယ်လောက် ခွင့်လွှတ်သည်းခံ အတိုင်းတာတခုထိပေါ့. ဘယ်သူ့မှ ထိခိုက်စရာ မရှိတော့ပါဘူး" ဆိုပြီး မရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်လ(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

play
Photo : ဝိုင်းလေး FB

 

ရှေ့ဆက်လျှောက်လှမ်းမယ့် လမ်းခရီးမှာ နှစ်ယောက်စလုံး လိပ်ပြာသန့်သန့်သွားလို့ရတယ်ဆိုရင် ကောင်းပါတယ်ဆိုပြီး ဆက်လက်ပြောထား ပါသေးတယ်။သူမဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ အချစ်ရေးအကြောင်းထက်  သူမရဲ့အနုပညာလှုပ်ရှားမှုအကြောင်းတွေကိုသာ ပြောပြတတ်သူပါ။ ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

play
Photo : ဝိုင်းလေး FB

 

သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။

Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD