နောက်တစ်ခါဆို တုတ်ကောက်ထားတဲ့။

အသားနာမှာစိုးလို့ တက်တူးမထိုးဖို့ ပြောထားတဲ့ ကြားက ခိုးထိုးကြတဲ့ ပရိသတ်တွေကို စိုးပြည့်က ဆူလိုက်တာပါ။ သူမရဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုက ကြက်သီးထစရာ ကောင်းလှပါတယ်။ 

 

သရုပ်ဆောင် စိုးပြည့်သဇင်က ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိထားသူ တစ်ဦးဆိုလည်း မမှားပါဘူး။ဘယ်လောက်ထိ ချစ်ကြလည်း ဆိုရင် သူမရဲ့ မျက်နှာပုံတွေ သူမရဲ့ လက်မှတ်တွေကို တက်တူးတွေ ထိုးကြတဲ့အထိတောင် အားပေးကြတာပါ။ အခုလည်း ပရိသတ်တွေက သူမရဲ့ ပုံတွေကို ထပ်ပြီး တက်တူးထိုးထားတာကြောင့် စိုးပြည့်က ဆူနေတာ ဖြစ်ပါတယ်။

We Love တွေနဲ့အတူ ကစ်ကစ်ဆီ အလှူငွေ သွားလှူခဲ့တဲ့ စိုးပြည့်သဇင် 

"နာမှာစိုးလို့တက်တူူးတွေမထိုးပါနဲ့လို့ အတန်တန်ပြောပေမဲ့ ကိုယ်မသိအောင်ခိုးပြီးထိုးကြတယ်။ ဒါတွေသေရာပါမို့ အသက်ကြီးလာလို့ ကိုယ့်ယ့်ကိုလည်းမချစ်တော့တဲ့ အခါကိုယ့်ပုံကြီးစိတ်ညစ်လိမ့်မယ်လို့ပြောလည်း မရပါဘူး။အော် သွေးသားမတော်ပေမဲ့ ချစ်တာကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်ကလည်းချစ်ပါတယ်။ ပြောမနိုင်ဆိုမနိုင်ဇွတ်ကြတာလေးတွေဘဲခက်တာ လူဇိုးတွေလူဇိုးမတွေ နောက်တခါဆို တုတ်ကောက်ထား" ဆိုပြီး ဇူလိုင်(၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

 

သူမရဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုက ကြက်သီးထစရာကောင်းလှပါတယ်။ စိုးပြည့်သဇင်ဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထား သလို အနုပညာအရည်အသွေးကလည်း ပြောင်မြောက်သူ တစ်ဦးဆိုလည်း မမှားပါဘူး။ ပရိသတ်တွေက သူမကို ချစ်ခင်ကြသလို သူမကိုယ်တိုင်ကလည်း ပရိသတ်တွေကို သူမရဲ့ မောင်နှမ၊ သူငယ်ချင်းအရင်းအချာတွေလို သဘောထားသူလည်း ဖြစ်ပါတယ်။

 

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က