AD
AD
AD

ခွန်းဆင့်နေခြည်တစ်ယောက် ဥက္ကာမင်းမောင်ရဲ့ အကြောင်းကို ရုပ်ရှင်ကားကြီးရိုက်ဖို့  ပြင်ဆင်နေပြီဖြစ်ပါတယ်။ New York မှာ ဥက္ကာမင်းမောင်ရဲ့ အကြောင်းတွေကို နားထောင်ခဲ့ရင်း ခွန်းဆင့်တစ်ယောက် မျက်ရည်တွေတောင် ကျခဲ့ရတယ် တဲ့။

play
Photo: Khunn Sint Nay Chi Fb Page

New York မှာ နေထိုင်လျက်ရှိတဲ့ ဥက္ကာမင်းမောင်နဲ့ ခွန်းဆင့်တို့ဟာ ဇူလိုင်(၄) ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တွေ့ဆုံခဲ့ပြီး စကားတွေအများကြီး ပြောဖြစ်ခဲ့ကြသလို ဥက္ကာမင်းမောင်ရဲ့ အကြောင်းတွေကို ခွန်းဆင့်တစ်ယောက် နားထောင်ဖြစ်ခဲ့ တယ်တဲ့။ ဥက္ကာမင်းမောင်ရဲ့ အကြောင်းတွေနားထောင်ဖြစ်ရင်း မျက်ရည်တောင်ကျခဲ့ရတယ်လို့ ခွန်းဆင့်က ဆိုပါတယ်။

'' ဆန်းထပုံခပ်ကြမ်းကြမ်းကြီးနဲ့ New York မှာဆုံတုန်းသူ့ရဲ့ Real Life ကိုရုပ်ရှင်ရိုက်ဖို့ဆွေးနွေးနေတာ သူပြောပြတာတွေနားထောင်ပြီး မျက်ရည်တွေတောင်ကျမိပါတယ်'' ဆိုပြီးတော့ သူ့ရဲ့ Khunn Sint Nay Chi ဆိုတဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ပေ့ခ်ျကနေ ဇူလိုင်လ ၄ ရက်နေ့ မနက် ၁၀ နာရီ ၁၃ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

play
Photo: Khunn Sint Nay Chi Fb Page

ဥက္ကာမင်းမောင်ရဲ့ အကြောင်းနားထောင်ရင်းနဲ့  သူ့ရဲ့ကိုယ်ပိုင်ဖြတ်သန်းမှု ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ ကိုလည်း ခွန်းဆင့် တစ်ယောက် စီစဉ်နေပါပြီ။ ရုပ်ရှင်ရိုက်မှာနဲ့ ပတ်သတ်ပြီး ပရိသတ်အများစုက ကောမန့်တွေကနေ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ခွန်းဆင့်နေခြည်ဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလျှက် ရှိပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ အနုပညာအလုပ်တွေ ဆက်လုပ်နေသလို သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ ဇာတ်ကားတွေ ရိုက်ကူး နေတာပဲဖြစ်ပါတယ်။

play
Photo: Khunn Sint Nay Chi Fb Page

 

သရုပ်ဆောင်အလုပ်သာမက ဂီတလောကမှာပါ အနုပညာအလုပ်တွေ လုပ်နေတဲ့  ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့ အတွက် လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေ ခံစားရဦး မှာလည်း ဖြစ်ပါတယ်။

ခွန်းဆင့်နေခြည်ဟာ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ ၊ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်း  အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ဇာတ်တွေ ရွေးနေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD