ဒီတိုင်းလေးလည်း လှနေတာကို

ပရိသတ်တွေရဲ့ အားပေးမှုကို အခုထက်တိုင် ရရှိထားတဲ့ သရုပ်ဆောင် နဝရတ်က မိခင်ကို အနီးကပ် ပြုစုစောင့် ရှောက်ပေး လျက်ရှိပါတယ်။ သူမဟာ မိခင်ကို စောင့်ရှောက်ပေးရင်းနဲ့ အိမ်မှာပဲ သူမဝါသနာပါရာလေးတွေကို လုပ်နေတတ်သူလည်း ဖြစ်ပါတယ်။

Photo : နဝရတ် FB

 

ပရိသတ်ရဲ့ အချစ်တော် နဝရတ်က မိခင်ကို အနီးကပ်ပြုစုပေးလျက်ရှိပါတယ်။ မိခင်ကို ပြုစုပေးနေရင်းနဲ့ အိမ်မှာပဲ သူမဝါသနာ ပါရာ လေးကို လုပ်ကိုင်လျက်ရှိပါတယ်။ ဇူလိုင်(၄) ရက်နေ့ကလည်း သူမရဲ့ အိမ်မှာ သီချင်းဖွင့်ရင်း တစ်ယောက်တည်း ကနေတာ တွေ့ရပါ တယ်။ မကတာ ကြာပြီဖြစ်လို့ ပြန်ကနေတဲ့ သူမက အရင်လို မကနိုင်တော့ဘူးလို့ ဆိုပါတယ်။

Photo : နဝရတ် FB

 

အဲ့ဒါကြောင့် ပေါင်(၂၀)လောက်ကျချင်တယ်ဆိုပြီးလည်း ပြောထားတာ တွေ့ရပါတယ်။ "မကတာကြာပြီမို့ပြန်ကကြည့်တာ ..အသေမော   အရင်လိုမရတော့ပု ...ပေါင်၂၀ လောက်ကျချင်တယ်။ ဘယ်သူယူမလဲ" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်(၄) ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

အိမ်မှာ တစ်ယောက်တည်း ကနေတဲ့ ပုံလေးတွေကိုလည်း ဗီဒီယိုရိုက်ပြီး သူမရဲ့ အကောင့်မှာ တင်ထားပါသေးတယ်။ သူမတင်ထား တဲ့ ဗီဒီယိုဖိုင်လေးထဲမှာတော့ သူမကနေတာလည်း တော်တော့်ကို ချစ်ဖို့ကောင်းပါတယ်။

Photo : နဝရတ် FB

မိခင်ကို စိတ်မချလို့ အပြင်တောင်မထွက်ဖြစ်တဲ့ နဝရတ် 

နဝရတ်ဟာ  ဖခင်ကြီး ဆုံးပါးသွားပြီးနောက်ပိုင်း ကျန်မားရေးသိပ်မကောင်းတဲ့ မိခင်ကြီးကို ပိုပြီး အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူပါ။ သရုပ်ဆောင် နဝရတ်ရဲ့ ဖခင်ကြီး ဒုတိယဗိုလ်မှူးကြီး ကိုကိုငြိမ်းဟာ မေလ(၆)ရက်နေ့ က ဆုံးပါးသွားခဲ့တာပါ။ သူမကိုယ်တိုင် ပြုစုစောင့် ရှောက်ခွင့်ရခဲ့ပေမယ့်လည်း ဖခင်ကြီး ဆုံးပါးချိန်မှာ တော်တော်ကို ဝမ်းနည်းနေခဲ့ရပါတယ်။

နဝရတ်ဟာ အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ စိတ်ကူးမရှိတော့ဘူးလို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုထားဖူးပါတယ်။ နဝရတ်ဟာ ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ ပီပြင်စွာ အပိုအလိုမရှိ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားပါ။

Photo : နဝရတ် FB

 

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးစီးပြီးအပျိုကြီးဘဝနဲ့ တစ်ယောက်လည်း ဖြတ်သန်းကာ မိသားစုနဲ့အတူ ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ ဖေ့စ်ဘွတ် မှာတော့ သူမရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း တင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်။

စီးပွားရေးဘက်ကို အချိန်ပေး လုပ်ဖြစ်နေတဲ့ နဝရတ်ကိုလည်း ပရိသတ်တွေက ပိတ်ကားပေါ်မှာ မြင်ချင်သေးတယ်ဆိုတဲ့ တောင်းဆိုတာ လေးတွေလည်း ရှိနေပါတယ်။

Share

Loading Next Article...
က္က