ဝေဠုကျော်ရဲ့နေအိမ်မှာ ထူးခြားမှုတွေ ဖြစ်နေတာပါ။

ဝေဠုကျော်ရဲ့ နေအိမ်မှာ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရပါတယ်။ မသမာသူ လူတစ်ချို့ကနေ အောက်တန်းကျတဲ့ ပညာများနဲ့ တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ စိတ်ဝင်စားဆုံးကိစ္စက သွေးနဲ့ရေးထားတဲ့ 'သေ' ဆိုတဲ့ စကားလုံးပါ။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

 

သရုပ်ဆောင် ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းနေအိမ်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ နေအိမ်တွင်းမှာ အကြောင်းမဲ့ ပုလင်းများ၊ ပန်းကန်များကျကွဲတာတွေ၊ 'သေ' ဆိုတဲ့ စကားလုံးကို သွေးနဲ့ရေးထားတာတွေ ဖြစ်ပေါ်နေတာပါ။ သဘာဝလွန်ဖြစ် ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ  ယခုလို ရေးသားထားပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

"အကြောင်းမဲ့ ပုလင်းများ ၊ပုဂံများ နေရာရွေ့ကျကွဲခြင်း၊လူကို ပစ်ပေါက်ခြင်း ၊ မီးပူများ ခလုတ်ဖွင့် မီးခလုတ်တပ် နံပါတ်ကုန်လှည့်ပြီး ကျွမ်းအောင်တိုက်ထားခြင်း၊ သေဆိုတဲ့စာလုးံကို သွေးနဲ့ရေးခြင်း ၊ ကြက်သား အစိမ်းများ နှင့် ဟင်းများ ကြမ်းပြင်သို့ ရောက်နေခြင်း ၊မုန့်များ အသီးများ နေရာရွေ့ကာ ကြမ်းပြင်သို့ရောက်နေခြင်း ၊ လူများကြားမှ ပစ္စည်းများ ပစ်ပေါက်ပြခြင်း၊ အစရှိသဖြင့် အံ့သြဖွယ် ကြုံတွေ့ခဲ့ရပါတယ်" ဆိုပြီး ဝေဠုကျော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၆) ရက်နေ့က ရေးသားထားပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

ကျောင်းလည်းလှူ ကလေးတွေကိုလည်း ပျော်အောင်လုပ်ပေးတဲ့ ဝေဠုကျော် 

အဲ့လို ကိစ္စတွေ ဖြစ်ပေါ်နေတာကြောင့် သူ့ရဲ့ နေအိမ်ကို တက်ကျွမ်းတဲ့ဆရာတော်များကို ပင့်ဖိတ်ကာ အောက်တန်းကျသော ပညာများနဲ့ တိုက်ခိုက်ထားမှုများကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဆက်လက်ပြောထားပါသေးတယ်။

"သီလ သမာဓိ ပြည့်စုံလှတဲ့ ဆရာတွေရဲ့ ကျေးဇူးနဲ့ မသမာသော အောက်တန်းကျသောပညာများနဲ့ တိုက်ခိုက်ထားမှုများကို ဖယ်ရှား ကာ တည်ငြိမ်အေးချမ်းမှု ရရှိ သွားပြီ ဖြစ်ပါသည်။ဆရာများရဲ့ ကျေးဇူးနဲ့ အစွဲအလမ်းများကြောင့် မကျွတ်လွတ်သေးတဲ့ ဆွေမျိုးများကိုလဲ အမျှဝေပေးနိူင်ကာ ကောင်းမွန် ရာဘုံဘဝသို့ လဲ ကူးစေနိူင်ခဲ့ပါသည်" ဆိုပြီး ပြောထားပါတယ်။

 

ဝေဠုကျော် ဖောင်ဒေးရှင်းနေအိမ်က ပြဿနာများနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြသလို ဝေဠုကျော်အတွက်လည်း စိုးရိမ်နေကြပါတယ်။ ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။

ဝေဠုကျော်က တော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

 

ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူ  တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ(၁၅) ရက်နေ့ကလည်း ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့နေသူပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က