နေတိုးရဲ့ ကောင်မလေးက ဘယ်သူဖြစ်မလဲ။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာပျံနှံ့နေတဲ့ နေတိုးနဲ့ သူ့ရဲ့ချစ်သူကောင်မလေးဆိုတဲ့ ဓာတ်ပုံတွေဟာ မဟုတ်မမှန်တဲ့ အကြောင်း ကို နေတိုးက ဖြေရှင်းလိုက်ပါပြီ။သူဟာ Rose Riders ရုပ်ရှင် ဇာတ်ကားအတွက် ရွေးချယ်ခံလိုက်ရတဲ့ တက်သစ်စ မင်းသမီး လေး ဇွန်လေးဖြူ ဖြစ်ပါတယ်။



Photo: Nay Toe Myanmar Famous Actor

 

ဇူလိုင်လ ၆ ရက်နေ့ကစပြီး လူမှုကွန်ယက် စာမျက်နှာပေါ်မှာ သရုပ်ဆောင်အကယ်ဒမီ နေတိုးနဲ့ သူ့ရဲ့ ချစ်သူကောင်မလေး ပါဆိုပြီး ဓာတ်ပုံ တွေပေါ်ထွက်လာပါတယ်။ ဒီဓာတ်ပုံတွေကြောင့်လည်း နေတိုးကို ချစ်ခင်အားပေးလျှက်ရှိတဲ့ မိန်းကလေး ပရိသတ်တွေကြားမှာ ဂယက်ရိုက် ခဲ့ပါသေးတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးနေတိုးက အခုလို ဖြေရှင်းထားပါတယ်။

'' လက်ရှိ ထွက်ပေါ်နေသော သတင်းမှာမဟုတ်မမှန်ကြောင်းနဲ့ ပုံပါ မင်းသမီးမှာ Rose Riders ရုပ်ရှင်ကားမှမင်းသမီးများသာဖြစ်ပါကြောင်း ပရိသတ်များသို့ လေးစားစွာ အကြောင်းကြားရင်း ထာဝရ ...နေတိုး'' ဆိုပြီးတော့ နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ် တစ်ခုဖြစ်တဲ့ Nay Toe Myanmar Famous Actor ဆိုတဲ့ ပေ့ချ်ကနေ ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၂ နာရီက ရေးသားခဲ့တာပါ။

Photo: Nay Toe Myanmar Famous Actor

 

နေတိုးနဲ့ အတူဓာတ်ပုံတွဲရိုက်ထားတဲ့ ကောင်မလေးဟာ Rose Riders ရုပ်ရှင်ဇာတ်ကားမှာ တက်သစ်စအနုပညာရှင်တစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ဖို့ ရွေးချယ် ခံခဲ့ရတဲ့ ဇွန်လေးဖြူ ဖြစ်ပါတယ်။ ဇွန်လေးဖြူဟာ Rose Riders ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ် လိုက်တဲ့ နောက်ဆုံး စကာတင် ၅ ဦးထဲကနေ ရွေးချယ် ခံခဲ့ရတာဖြစ်ပါတယ်။

Rose Ride ရုပ်ရှင်ဇာတ်ကားကြီးအတွက် တက်သစ်စ မင်းသမီးရွေးချယ်တဲ့နေရာမှာလည်း ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က အကဲဖြတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Rose Rider ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဝါရင့်မင်းသားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ အဓိကပါဝင်ထားတာဖြစ်ပါတယ်။

လေးနက်မှုရှိတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ နေတိုး  

Photo: RBV

 

နေတိုးဟာ အခုလက်ရှိမှာ 'နိုင်ငံကြီးသား' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) နဲ့ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာနေတိုးနဲ့ အတူ  နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ပါတယ်။ သူ့အနေနဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းကလည်း Story Book Movie Studio ဆိုတဲ့ ကိုယ်ပိုင်စတူဒီယိုကြီးတစ်ခု ဖွင့်လှစ်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က