အောင်ရဲလင်းနဲ့အတူ သရုပ်ဆောာင်တဲ့ အကွက်တွေက ကြွေပြီလေ။

ပိုပိုရဲ့ Music Video ကို အောင်ရဲလင်းနဲ့အတူ ရိုက်ကူးထားတာပါ။ အမိုက်စား သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို  ဖမ်းစား နိုင် ခဲ့တဲ့ ပိုပိုရဲ့ music video ဟာ အခုဆိုရင် ကြည့်ရှုသူ ဦးရေ (၂)သိန်းကျော်လို့ သွားပါပြီ။ မကြည့်ရသေးတဲ့ ပရိသတ်တွေ အတွက် ဗီဒီယိုလေး ထည့်ပေးလိုက်တယ်နော်။

Photo : ပိုပို FB

 

အဆိုတော် ပိုပိုက ပရိသတ်တွေကို ခံစားမှု ရသအသစ်တွေ ပေးလိုက်ပြန်ပါပြီ။ "Let Me Kiss You " လို့နာမည်ပေးထားတဲ့ music video ကို ဇူလိုင်(၇) ရက်နေ့က ညက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တွေအတွက် တင်ပေးခဲ့ပါတယ်။  အဲ့ဒီ music video ကို သရုပ်ဆောင် အောင်ရဲလင်းနဲ့ အတူ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အချစ်သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး အောင်ရဲလင်းနဲ့ ပိုပိုတို့ရဲ့ သရုပ်ဆောင်မှုဟာလည်း အရမ်းကို မိုက်လွန်းလှပါတယ်။ ဇူလိုင်(၇) ရက်နေ့ ညနေ(၃)နာရီကျော်လောက်က အွန်လိုင်းပေါ် တင်ခဲ့တဲ့ ပိုပိုရဲ့ သီချင်းသစ်ဟာ အခုဆိုရင် ကြည့်ရှုသူ ဦးရေး (၂)သိန်းကျော်လို့ သွားပါပြီ။ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေကကြည့်ပြီး အသည်းတွေ ယားနေကြ ပါတယ်။

Photo : ပိုပို FB

 

ပိုပိုရဲ့ Music Video အသစ်ဟာ ပရိသတ်တွေကို တော်တော်ဆွဲနိုင်တယ်လို့ ဆိုရမှာပါ။ ပိုပိုရဲ့ Music video မှာ ဘယ်လိုရိုက်ကူးမှုတွေနဲ့ ပရိသတ်တွေကို ဘယ်လိုအံ့သြစေမလဲဆိုတာကို ကြည့်လို့ရအောင်သီချင်းလေးကို ထည့်ပေးထားတယ်နော်။

 

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

Photo : ပိုပို FB

 

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က