ပီတိဖြစ်ဖို့ကောင်းလိုက်တာ။

ထွန်းကိုကိုဟာ ပရဟိတအလုပ်တွေ လုပ်နေရရင်ကို ပျော်နေသူပါ။ ဒီနေ့မှာလည်း ဆရာတော် အရှင်ဆန္ဒာဓိကနဲ့အတူ သွေးလှူဒါန်းခွင့်ရခဲ့တယ်တဲ့။ (၄)ကြိမ်မြောက် သွေးလှူဒါန်းခွင့်ရတဲ့ ခံစားချက်လေးကိုလည်း ပြောပြထားပါတယ်။

Photo : ထွန်းကိုကို FB

 

သရုပ်ဆောင် ထွန်းထွန်းဟာ ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်တတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ ဒီနေ့(ဇူလိုင်၈ရက်) မှာလည်း ဆရာတော် ရှင်ဆန္ဒာဓိကနဲ့အတူ သွေးလှူဒါန်းခြင်းကုသိုလ်ကို ပြုခဲ့ပါတယ်တဲ့။ ဆရာတော်နဲ့အတူ သွေးလှူဒါန်းခွင့်ရခဲ့တဲ့ ထွန်းကိုကို ဝမ်းသာပီတိတွေ ဖြစ်လို့နေပါတယ်။

Photo : ထွန်းကိုကို FB

 

ဒီနေ့ သွေးလှူတာဟာ သူ့အတွက် (၄)ကြိမ်မြောက် သွေးလှူဒါန်းခြင်းပါတဲ့။

"ဒီနေ့ ဘုန်းဘုန်း ရှင်ဆန္ဒာဓိက နှင့်အတူ သွေးလှူဒါန်းခြင်း ကုသိုလ်ပြုလုပ်ခဲ့ပါတယ်။ ဘုန်းဘုန်း ရဲ့ အကြိမ် (၄၀) မြောက် သွေးလှူဒါန်းတဲ့ နေ့မှာ ကျွန်တော်က (၄)ကြိမ်မြောက် အဖြစ် တိုက်တိုက်ဆိုင်ဆိုင် လှူဒါန်းခဲ့ရပါတယ် " ဆိုပြီး ဇူလိုင်(၈) ရက်နေ့က ထွန်းကိုကိုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

စိတ်မာယာ ရုပ်ရှင် ရိုက်ကွင်းပေါ်က ထွန်းကိုကိုရဲ့ ပုံရိပ်များ 

Photo : ထွန်းကိုကို FB

 

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သွေးကို မွန်မြတ်သော ဒါနတစ်ခုအဖြစ်နဲ့ လှူဒါန်းခွင့်ရခဲ့လို့ဝမ်းမြောက်ပီတိဖြစ်မိတယ်ဆိုပြီး ဆက်ပြောထားပါသေးတယ်။ထွန်းကိုကိုဟာ မကြာခင်က ရိုက်ကူးထားတဲ့ "လူခေါ်ခေါင်းလောင်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ပါဝင်ထားသူတစ်ဦးပါ။

အဲ့ဒီဇာတ်ကားကြီးမှာ ထွန်းကိုကိုအပြင် ရဲမင်းပိုင်၊မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမျိုးအောင်၊ ထူးခြား၊ ဒိန်းဒေါင်၊ဇင်ဝိုင်း၊ နေရဲ၊ သိန်းလင်း တို့နဲ့အတူ ရွှေသမီး၊ နန်းခင်ဇေယျာ၊ မေမြင့်မိုရ်၊ မိုးမြင့်သဇင်၊ လှမျိုးသဉ္ဇာနွယ်နဲ့ အခြားသော အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။

Photo : ထွန်းကိုကို FB

 

မိုးဟေကိုရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကားထားတာ လည်း ဖြစ်ပါတယ်။ ထွန်းကိုကိုဟာ မော်ဒယ်ပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို ပရဟိတပိုင်းမှာ လည်း နာရေးကူညီမှုအသင်းနဲ့အတူ သူ့ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးပြုနေသူ အနုပညာရှင် တစ်ဦး လည်း ဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုဟာ Asia model award ကို ဒုတိယအကြိမ် ရရှိဖူးခဲ့သူဖြစ်ပြီး  2013 Asia Model Festival FACE of ASIA တုန်းကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပထမဆုကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က