AD
AD
AD

ပိုင်တံခွန်က ကိုရီးယားကောင်မလေး ချောချောလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရတယ်တဲ့။ ကိုရီးယားမလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံ ရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စနေတာလား တကယ်ပြောနေတာလားဆိုတာ ဝေခွဲမရဘူး ဖြစ်နေကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူ့သတင်းကြောင့် ပရိသတ်တွေ ပျော်နေကြပါတယ်။

play
Photo : ပိုင်တံခွန် FB

 

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ရဲ့ ကံကောင်းချက်က အံ့မခန်းပါပဲ။ အရမ်းချောတဲ့ ကိုရီးယားမလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်း ခံရတယ်တဲ့။ သူ့ရဲ့ ပရိသတ်တွေက သူ့ရဲ့ စမ်းထမှုကို အံ့သြနေကြပါတယ်။ ကိုရီးယားမလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စနေတာလား တကယ်ပြောနေတာလားဆိုတာ ဝေခွဲမရဘူး ဖြစ်နေကြပါတယ်။

play
Photo : ပိုင်တံခွန် FB

ပိုင်တံခွန်က အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ယခုလို ပြောပြထားပါတယ်။

"ဒီကိုးရီးယားမ​လေးနဲ့ ရိုက်​ကူးဖို့ ကျ​နော့်​ကို ရုပ်​ရှင်​ကားကြီးတကား ကမ်းလှမ်းထားပါတယ်​ သူမရဲ့ မြန်​မာနာမည်​က ခင်​ကံ့​​ကော်​ တဲ့" ဆိုပြီး ဇူလိုင်(၉) ရက်နေ့က ပိုင်တံခွန်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာပါ။

play
Photo : ပိုင်တံခွန် FB

 

ပိုင်တံခွန်ဟာ ဒီနှစ်ထဲမှာ ပြည်ပနဲ့ အနုပညာအလုပ်တွေ တော်တော်များများ တွဲလုပ်ခွင့်ရလာတာ တွေ့ရပါတယ်။ ဒီကိုရီးယားမလေးနဲ့ ရုပ်ရှင်ရိုက်ကူးရေးကလည်း တစ်ကယ်အမှန်သာဆိုရင် သူ့ရဲ့ ပရိသတ်တွေ အရမ်းပျော်နေကြမှာပါ။ ပိုင်တံခွန်ဟာ ဇူလိုင်လ အထိကို နားရက်မရှိ အလုပ်တွေ ဆက်တိုက် လက်ခံပြီး ရိုက်ကူးခဲ့ပါတယ်။

စင်္ကာပူနိုင်ငံအပြင် မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ကမ်းလှမ်းထားတဲ့ ကြော်ငြာတွေ ရိုက်ကူးဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။ပိုင်တံခွန်ဟာ အလုပ်တွေ လက်မလည်အောင်များနေပေမယ့်လည်း သူချစ်ရတဲ့ ပရိသတ်လေးတွေအတွက် သူ့ရဲ့ လှုပ်ရှားမှုလေး တွေကို  အမြဲ ချပြလေ့ရှိပါတယ်။

play
Photo : ပိုင်တံခွန် FB

ပိုင်တံခွန်ဟာ အခုလက်ရှိမှာတော့ အိန်ဂျလမုန်နဲ့အတူ သမန်းကျား ဝိညာဉ် ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကား ထဲမှာ ကျားတစ်ပိုင်း လူတစ်ပိုင်း လူသားတစ်ဦးရဲ့အဆန်းကြယ်ဆုံးကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေ များလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD