ဒီနေ့မှာပဲ ဦးရဲလွင် ဆုံးသွားခဲ့တာပါ။

ဂီတပညာရှင်ကြီး ဦးရဲလွင်တစ်ယောက် အသဲရောဂါနဲ့ ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ ဒီနေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှာကွယ်လွန်သွားခဲ့ပါပြီ။ အဲ့ဒီအတွက်လည်း အနုပညာရှင်များက စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Facebook

 

အဆိုတော်မီမီဝင်းဖေတစ်ယောက် ဇူလိုင်လ ၁၀ ရက်နေ့ ဒီနေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှာကွယ်လွန်သွားခဲ့တဲ့ ဂီတပညာရှင်ကြီး ဦးရဲလွင် အတွက် စိတ်မကောင်းဖြစ်နေပါတယ်။ ဦးရဲလွင်အတွက်ကိုလည်း ကောင်းရာသုဂတိလားနိုင်ဖို့ အဆက်မပြတ် ဆုတောင်းမေတ္တာတွေ ပို့သ ဦးမယ်လို့ ဆိုပါတယ်။

'' ဖုန်းသံမြည်တိုင်း ဒီအသိုင်းအဝိုင်းကလူတွေရဲ့ နံပါတ်မဟုတ်ပါစေနဲ့လို့ဆုတောင်းမိတယ်။ဖုန်းဝင်လာတော့ အသက်အရင် ရှုပြီး စိတ်တည်ငြိမ် အောင်ထားလိုက်တယ်။ဖုန်းဖြေလိုက်တယ်။ကြားရမဲ့ သတင်းကို တည်တည်ငြိမ်ငြိမ် နားထောင်တယ်။ ဘုရားစင်ရှေ့ သွား ဆုတောင်း အမျှ ဝေပေးပါတယ်။'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၄ နာရီ ၅၂ မိနစ်က ရေးတင်ခဲ့တာဖြစ်ပါတယ်။

Photo:Mi Mi Win Phay Facebook

ဆုန်သင်းနဲ့ သမီးလေးဆီသွားလည်ခဲ့တဲ့ မီမီဝင်းဖေ 

ဂီတပညာရှင်ကြီး ဦးရဲလွင် ကွယ်လွန်သွားတာကြောင့် အဆိုတော် ဆောင်းဦးလှိုင်ကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူ့ရဲ့ ရင်ထဲမှာလည်း ဦးရဲလွင်ရဲ့ ဦးဆောင်လမ်းပြပေးခဲ့သမျှတို့ကို ထာဝရ ရင်ထဲမှာ ရှိနေမယ်လို့လည်း ပြောပြခဲ့ပါသေး တယ်။

''ဦးရဲရေ ကျွန်တော့်စိတ် ကျွန်တော့်မှတ်ဉာဏ် ကျွန်တော့်အသိတရားတွေထဲမှာ ဦးရဲ ထာဝရရှိနေမှာပါ။ကျွန်တော် ရိုသေစွာ ရှိခိုးဦချ ကန်တော့ရင်းလေးစားစွာ အလေးပြုလိုက်ပါတယ်။ လမ်းပြပေးခဲ့သမျှ ဦးဆောင်ပေးခဲ့သမျှတို့အတွက်ကျေးဇူးပါ။ ဆောင်းဦးလှိုင် ၁၀.၇.၂၀၁၈'' ဆိုပြီးတော့ ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၅ နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ တာပါ။

Photo:Soung Oo Hlaing Facebook

 

ဦးရဲလွင်က ၁၉၈၄ ခုနှစ်မှာတော့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကချင်စစ်ဘေး အန္တရာယ် အတွင်း ဒုက္ခရောက် နေကြတဲ့ ပြည်သူတွေအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေးတစ်ခုအဖြစ် အလှူငွေတွေ ကောက်ခံခဲ့ဖူး ပါတယ်။ အခုချိန် မှာတော့ ဦးရဲလွင်ကွယ်လွန်သွားတာဖြစ်တဲ့အတွက် အနုပညာရှင်များကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Facebook

 

ဂီတပညာရှင် ဦးရဲလွင်ဟာ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က