မောင်နှမ နှစ်ယောက် အလှူတွေလုပ်နေတာပါ။

ဥက္ကာမင်းမောင်တို့ မောင်နှမ နှစ်ယောက်ကတော့ ကွယ်လွန်သွားတဲ့ ဖခင်အတွက် ရည်စူးပြီး New York မှာ အလှူအတန်းတွေ ပြုလုပ်နေပါတယ်။ အဖေတစ်ယောက် ကောင်းရာမွန်ရာ ဘုံဝကနေ သာဓုခေါ်နိုင်စေတဲ့။

 

သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ မောင်နှမနှစ်ယောက်ဟာ ကွယ်လွန်သွားတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူအတွက် ရည်ရွယ်ပြီး New York မှာ အလှူ အတန်းတွေ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ဒီအလှူမှာ ကိုယ်တိုင်ချက်ထားတဲ့ ကြက်ဆီထမင်းနဲ့ ဘုန်းကြီးဆွမ်းကပ်ခဲ့တယ်လို့ သူကပြောပါတယ်။

'' ကွယ်လွန်သူဖခင်ကြီး အားရည်စူးပြီး July 9 ရက်နေ့တွင်ကျရောက်သော မွေးနေ့အတွက် New York မြို့ရှိ သုံးပါးကျောင်းမှာကိုယ်တိုင်ချက် သော ကြက်ဆီထမင်း နဲ့ တခြားအလှူဒါန များဖြင့် ညီမလေးနဲ့ အတူ လှူဒါန်းအမျှဝေခဲ့ပါတယ်။ ဖေကြီး ကောင်းရာဘုံဘဝက သာဓုခေါ်ဆို နိုင်ပါစေ။ ဖေကြီး အေးချမ်းပါစေ'' ဆိုပြီးတော့ ဇူလိုင်လ ၁၁ရက်နေ့မနက် ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

မကြာခင်က ဂေးတစ်ယောက်ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာကနေ ဖွင့်ဟဝန်ခံလာတဲ့ ဥက္ကာမင်းမောင်ဟာ အမျိုးသားအများစုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ဒီလို တိုက်ခိုက်သူများတဲ့အတွက် ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ်ဖြစ်တယ် လို့ဆိုပါတယ်။ မုန်းတဲ့ ပရိသတ် ဘယ်လောက်များများ သူ့အနုပညာလမ်းကြောင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ဆက်လျှောက်မယ်လို့ ပြောပြခဲ့ပါသေးတယ်။

 

ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။

Share

Loading Next Article...
က္က