ဦးရဲလွင်အတွက်ရော ဒွေး အတွက်ရော စိတ်မကောင်းဖြစ်နေပါတယ်။

ကော်နီဟာ အစ်ကိုတစ်ယောက်လို လေးစားချစ်ခင်ရခဲ့ရတဲ့  ဒွေးကို လွမ်းဆွတ်သတိရနေတာပါ။ ဒွေးလိုပဲ သူမရဲ့ ရင်ထဲကို ခံစားရစေတဲ့ နောက်ထပ်တစ်ယောက်က လေးစားရတဲ့ ဂီတပညာ ရှင်ကြီး ဦးရဲလွင် ကွယ်လွန်ခဲ့တာကြောင့်ပါ။

Photo: Conni Facebook

 

အဆိုတော်ကော်နီတစ်ယောက် ဂီတပညာရှင်ကြီး ဦးရဲလွင် ဆုံးပါးသွားတဲ့ အတွက်ကြောင့်ရော၊ သရုပ်ဆောင်အကယ်ဒမီဒွေး ကွယ်လွန်သွား တဲ့ ၁၁ နှစ်ပြည့်အတွက်ရော ဝမ်းနည်းပူဆွေးနေတာဖြစ်ပါတယ်။ အစ်ကိုအရင်းတစ်ယောက်လိုဖြစ်တဲ့ သရုပ်ဆောင်ဒွေးကိုလည်း ပိုပြီးတော့ သတိရနေတယ်လို့ ပြောပါတယ်။

'' ကျွန်မ ဒီနေ့ ဘယ်သူ့အတွက်ငိုကျွေးလို့ ပူဆွေးရမှန်းမသိတော့ဘူးလေ ရင်ထဲမှာနာကျင်လွန်းလို့ '' ဆိုပြီးတော့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပြီးနောက် ''ဦးရဲကမနေ့ကဆုံးတယ်, ကိုသားကြီးကိုလဲ သတိရမိတယ် ကိုယ့် အကို အရင်း တွေ ပါပိုသတိရလာရော,ရင်ထဲမကောင်းနေတာ ဒီရက်ထဲတောက်လျှောက်စိတ်မကောင်းစရာတွေဘဲမြင်တွေ့နေရတာ''လို့ ပြောခဲ့ပါတယ်။

Photo: Conni Facebook

 

သရုပ်ဆောင်အကယ်ဒမီဒွေးဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကွယ်လွန်သွားခဲ့တာ ၁၁ နှစ်ရှိပါပြီ။ ဒီနှစ်ကတော့ ထူးခြားတဲ့ နှစ်တစ်နှစ်လို့လည်းပြောလို့ရပါတယ်။ ဒွေးကွယ်လွန်စဉ်ကလည်း၂၀၀၇ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သလို ဒီနေ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဗုဒ္ဓဟူးနေ့ဆိုပြီးတော့ တိုက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

Photo: Conni Facebook

 

အဆိုတော်ကော်နီဟာ အစ်ကိုအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ ဒွေးနဲ့အတူ သီဆိုခဲ့တဲ့ ' ဘယ်တော့မှ မမေ့ဘူး' ဆိုတဲ့ သီချင်းလေးကလည်း ဒီနေ့အချိန်ထိ ပရိသတ်တွေ ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ ကော်နီက ဒွေးနဲ့ အတူတူ ဂီတအလုပ်တွေမှာလည်း လက်တွဲအလုပ်လုပ် ခဲ့ဖူးတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

Photo: Conni Facebook

 

ကော်နီက ဆရာတစ်ယောက်လို လေးစားရတဲ့ ဂီတပညာရှင်ကြီး ဦးရဲလွင်ကတော့ ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၄ နာရီ ၁၀မိနစ်ခန့်က ရန်ကုန်ဆေးရုံကြီး ကုတင် ၅၀၀ မှာ အသဲရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ဦးရဲလွင်က ကချင်စစ်ဘေးအန္တရာယ်မှာ ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေးတစ်ခုအဖြစ် အလှူငွေ တွေ ကောက်ခံခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က