အခုချိန်လောက်ကတည်းက လုပ်မှတော်ကာကျမှာတဲ့။

ကိုရီးယားမှာ မျက်ရစ်နဲ့ နှာခေါင်း ခွဲစိတ်ပြုပြင်မှု လုပ်နေတဲ့ နေခြည်ဦးဟာ ချီချီဆိုတဲ့ နာမည်တစ်လုံးရဖို့ အရမ်းကြိုးစားခဲ့ ရတာတဲ့။ နေခြည် ဦးဟာ သူမရဲ့ နှာခေါင်းကို ဒီတိုင်းဆီလီကွန်ထည့်တာမျိုးမဟုတ်ပဲ နားရိုးနုကိုယူပြီး ဆီလီကွန်နဲ့ပေါင်းပြီး ထည့်ထားတာပါ။ နေခြည်ဦးတစ် ယောက် ဘယ်လိုတွေတောင် လှနေတော့မလဲဆိုတာ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါ တယ်။



Photo : နေခြည်ဦး IG

 

နေခြည်ဦးဟာ လက်ရှိမှာ ကိုရီးယားမှာ ခွဲစိတ်ပြုပြင်မှု တချို့ သွားလုပ်နေပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကို Social Media ကနေ ပရိသတ်တွေ အတွက် အမြဲတမ်း ပြောပြလေ့ရှိတဲ့ သူမက ခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြသထားတာတွေ တွေ့ရပါတယ်။ သူမခွဲစိတ်ထားတဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ပေးခဲ့ပါသေးတယ်။

ဒီနေ့(ဇူလိုင်၁၁ရက်)မှာ သူမပြောချင်တဲ့ စကားလုံးတချို့ကို အင်စတာဂရမ်ကနေ ထုတ်ပြောထားတာတွေ့ရပါတယ်။အဲ့ဒါက သူမအနေနဲ့ စိမ်းလဲ့တင်ပိုင်ရှင်သမီးဆိုတာ ကို ရအောင်ဖျောက်ပြီး ချီချီဆိုတဲ့ နာမည်တစ်လုံးတည်း ဖြစ်အောင် အရမ်းကြိုးစားခဲ့တယ်တဲ့။ အခုအချိန် လောက်ထဲက လုပ်ထားမှ တော်ကာကျမယ်ဆိုပြီး သူမက ပြောထားတာပါ။

Photo : နေခြည်ဦး IG

 

သူမပြောသလိုပါပဲ အခုချိန်မှာဆိုရင် နေခြည်ဦးဟာ Beauty Blogger တစ်ဦး အနေနဲ့ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိနေသူ တစ်ဦးဖြစ်ပြီး ဇာတ်ကားတွေတောင် ရိုက်ကူးခွင့်ရနေပြီလဲ ဖြစ်ပါတယ်။  ကိုရီးယားမှာ နှာခေါင်းနဲ့ မျက်လုံး မျက်ရစ် သွားဖော်ခဲ့တဲ့ နေခြည်ဦးက ဒီနေ့(ဇူလိုင်၁၀ရက်)မှာ သူမခွဲစိတ်ပြီး ထား တဲ့ ပုံလေးတစ်ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်လိုက်ပါတယ်။

သူမတင်ထားတဲ့ ပုံမှာ နေခြည်ဦးက မျက်ရစ်ဖော်ထားပြီး ဖြစ်သလို နှာခေါင်းလဲ ခွဲစိတ်ပြီးဖြစ်ပါတယ်။ နေခြည်ဦးဟာ သူမရဲ့ နှာခေါင်းကို ဒီတိုင်းဆီလီကွန်ထည့်တာမျိုးမဟုတ်ပဲ နားရိုးနုကိုယူပြီး ဆီလီကွန်နဲ့ပေါင်းပြီး ထည့်ထားတာပါ။ နေခြည်ဦးတစ်ယောက် ဘယ်လိုတွေတောင် လှနေတော့မလဲဆိုတာ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Photo : နေခြည်ဦး IG

ပရိသတ်တွေအတွက် ခွဲစိတ်ပြီး ပုံလေးကို ပြလိုက်တဲ့ နေခြည်ဦး 

နေခြည်ဦးက သူမလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက် တော်တော်ပျော်နေပုံပါ။နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ် ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က