ဘုရားလည်း သွားခဲ့ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ မိုးယုစံရဲ့ မွေးနေ့ကို မိသားစုနဲ့အတူ ဖြတ်သန်းဖြစ်တယ်လို့ သိရပါတယ်။ မိုးယုစံတစ်ယောက် မွေးနေ့မှာ ချစ်ရတဲ့ ခင်ပွန်း၊ သားလေးတို့နဲ့အတူ ဘုရားသွား ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။

Photo : မိုးယုစံ FB၊Khant Min Htin

 

ဒီနေ့(ဇူလိုင်၁၁ရက်)က သရုပ်ဆောင်မိုးယုစံရဲ့ မွေးနေ့လေးပါ။ ဒီနှစ်မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ မိသားစုနဲ့အတူ ဖြတ်သန်းခဲ့ တယ်လို့ သူမက ဆိုပါတယ်။ မွေးနေ့လေးမှာ ချစ်ရတဲ့ ခင်ပွန်း၊ သားလေးနဲ့အတူ ဘုရားသွားခဲ့သလို နေအိမ်မှာလည်း ဆွမ်းခံကြွတဲ့ ရဟန်းများကို ဆွမ်းလောင်းကုသိုလ်ယူဖြစ်နေတဲ့ တွေ့ရပါတယ်။

Photo : မိုးယုစံ FB၊Khant Min Htin

 

သူမရဲ့ မွေးနေ့ကို Birthday Wish လုပ်ပေးခဲ့ကြတဲ့ We Love တွေ ၊သူငယ်ချင်းတွေနဲ့ မိတ်ဆွေအပေါင်းအသင်းအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ယခုလို ပြောထားပါသေးတယ်။

"ဒီနှစ်တော့ သားသားလေးနဲ့မိသားစုနဲ့ပဲ မွေးနေ့ကိုအေးချမ်းစွာဖြတ်သန်းဖြစ်တယ်။ သတိတရနဲ့ရှိပေးကြတဲ့ we love fans များနဲ့ birthday wish လုပ်ပေးကြတဲ့ ချစ်ရတဲ့ မိတ်ဆွေအပေါင်းသင်းများ အားလုံး ကိုလည်းကျေးဇူးတင်ပါတယ်"ဆိုပြီး ဇူလိုင်(၁၁) ရက်နေ့က ရေးသားထား တာပါ။

Photo : မိုးယုစံ FB၊Khant Min Htin

စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူသွားလုပ်ခဲ့တဲ့ မိုးယုစံ 

သရုပ်ဆောင် မိုးယုစံက သားလေးကို စောင့်ရှောက်ရင်း လိုအပ်တဲ့ ပညာရပ်တစ်ခုကိုလည်း  သင်ယူနေပါတယ်။ သားလေးရဲ့ အချိန်ထဲကနေ့ ဖဲ့ပြီး ဒီဇိုင်နာ မေမြတ်ဝါဆိုဆီမှာ ဒီဇိုင်နာ သင်တန်းတက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

သားလေးအတွက် ဘယ်လိုအကျႌလေးတွေ ချုပ်ပေးဖြစ် မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီနော်။ သားလေးကို စောင့်ရှောက်ရင်းနဲ့ ဒီဇိုင်နာ သင်တန်းကို တက်နေတဲ့ သူမကို ကြည့်ပြီး ပရိသတ်တွေက အားကျနေကြပါတယ်။

Photo : မိုးယုစံ FB၊Khant Min Htin

 

မိုးယုစံဟာ သူမဝါသနာပါရာ အလုပ်လေးတွေကို သင်ယူနေသလို အလှူအတန်းတွေကိုလည်း အမြဲဆိုသလို လုပ်ဖြစ်နေသူတစ်ဦးပါ။ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပရိသတ်တွေနဲ့ အမြဲတမ်း စကားပြောဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေသိအောင် ပြောပြဖြစ်နေသူ လည်း ဖြစ်ပါတယ်။

မိုးယုစံတို့ မိသားစုလေးက တစ်ကယ့်ကို သာယာလွန်းလှပါတယ်။ သူတို့ရဲ့ ရင်သွေးလေးဖြစ်တဲ့ သားလေး Austin ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့ တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ်  သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Photo : မိုးယုစံ FB၊Khant Min Htin

 

မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေး လည်း ဖြစ်ပါတယ်။

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က