ဇူလိုင်လ ၁၀ ရက်နေ့က အဲ့ဒီသီချင်းလေးနဲ့ မိတ်ဆက်ပေးထားပါတယ်။

အေသင်ချိုဆွေတစ်ယောက် သူ့ရဲ့ သီချင်းအသစ်လေးကို အားပေးတဲ့ ပရိသတ် ၁ သိန်းကျော်သွားရင်တော့ အမှတ်တရ တစ်ခုခု လုပ်ဖို့ စီစဉ် မယ်လို့ဆိုပါတယ်။ ဒီသီချင်းလေး နာမည်ကိုတော့ 'အသည်းကွဲ သီချင်းမဆိုတော့ဘူး' လို့ နာမည်ပေးထားပါတယ်။ ဒီသီချင်းလေးကနေ စပြီး သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလိုပဲ အားပေးကြဖို့ အေသင်က မျှော်လင့်ထားပါတယ်။

 

အဆိုတော်အေသင်ချိုဆွေဟာ ဇူလိုင်လ ၁၀ရက်နေ့တုန်းက သူ့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ 'အသည်းကွဲသီချင်း မဆိုတော့ဘူး' ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။  အခုချိန်မှာတော့ အေသင့်ရဲ့ သီချင်းလေးကို အားပေးကြည့်ရှုတဲ့ ပရိသတ် ပေါင်း ၇ သောင်းကျော်ခဲ့ပါပြီ။

'' Boost ဘာညာမလုပ်ဘဲ view 100k ကျော်ရင် မိုင် အတျဲတွေနဲ့ အမှတ်တရ တခုခု လုပ်မယ်ကွာ ဘယ်လိုလဲ သဘောတူကျလား ပြော'' ဆိုပြီးတော့ ဇူလိုင်လ ၁၁ ရက်နေ့ ၅ နာရီကျော်လောက်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်။ ဒီသီချင်း လေးကတော့ ပရိသတ်ရင်ထဲကို ရောက်မယ့် သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

အသည်းကွဲသီချင်း မဆိုတော့ဘူး ဆိုတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ အေသင်ဟာ အခက်အခဲပေါင်း များစွာကို ဖြတ်ကျော်ခဲ့ရသူပါ။ ဒီသီချင်းလေးကနေစပြီး ပရိသတ်တွေက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလိုပဲ ပြန်လည်အားပေး စေချင်တဲ့ ဆန္ဒရှိတာဖြစ်ပါတယ်။

 

ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်တဲ့ သီချင်းအသစ်လေးကိုလည်း ပရိသတ်ရင်ထဲရောက်စေချင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက်လည်း အောင်မြင်မယ်လို့ ယုံကြည်ထားတယ်ဆိုတာကို အေသင်ချိုဆွေက ပြောပြခဲ့ပါသေးတယ်။

'' ကိုယ် Comeback အနေနဲ့ ပြန်လုပ်တဲ့ အချိန်မှာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲကို ရောက်စေချင်တယ်။ နည်းနည်းတော့ ခေါင်းစားရတယ်၊ စိတ်လည်းနည်းနည်းပူရတာပေါ့နော်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က