AD
AD
AD

ပိုပိုဟာ ဘုန်းတန်ခိုးကြီးမားပြီး နာမည်ကျော်ဇောတဲ့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ တရားများကို နာခွင့်ရခဲ့တယ်တဲ့။ သူမ စင်ကာပူ ရောက်တဲ့ အချိန်မှာ မိုင်းဖုန်းဆရာတော်ကြီးရဲ့ တရားပွဲပြုလုပ်နေတဲ့ အချိန်နဲ့ တိုးတာကြောင့် တန်ဖိုးရှိတဲ့ တရားတွေ နာခဲ့ရ တယ်ဆိုပြီး ပြောထားပါတယ်။

play
Photo : ပိုပို FB

 

အဆိုတော် ပိုပိုတစ်ယောက် ကုသိုလ်ထူးတစ်ခုကို ရခဲ့တာပါ။ စင်ကာပူနိုင်ငံကို ရောက်တုန်း မိုင်းဖုန်းဆရာတော် တရားပွဲနဲ့ ကြုံကြိုက်လို့ တရားနားကုသိုလ်ယူဖြစ်ခဲ့တယ်တဲ့။ကံကောင်းစွာနဲ့ မိုင်းဖုန်းဆရာတော်ကို ဖူးခွင့်ရခဲ့သလို  ဆရာတော် ဟောကြားတဲ့ တရားတော်လည်း နားခွင့်ရခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"တကယ့်ကို တန်ဖိုးရှိတဲ့ တရားတွေနာခဲ့ပါတယ်။မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတရားကို လက်ကိုင်ထားသင့်ကြောင့် နဲ့ အတင်းပြောတာမ ကောင်းကြောင်း မကောင်းတာ ဆိုရင် မနောကံ ဝဇီကံ ကာယကံ ထိန်းသင့်ကြောင့် မိဘ ကို ဘုရားတစ်ဆူလို သဘောထားသင့်ကြောင်း အများကြီးဟောပါတယ် ဘာသာပြန်ဟောပေးတဲ့ Oxford ဆရာတော်ဘုရားကြီးကိုလဲ ကန်တော့ပါတယ်။ အချစ်မရှိ ဒုက္ခမရှိ ပါတဲ့ကွယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၁) ရက်နေ့ညက ရေးသားထားတာပါ။

play
Photo : ပိုပို FB

 

မိုင်းဖုန်းဆရာတော်ကြီးဟာ ထိုင်းနိုင်ငံမှာ လူအများကိုးကွယ်ယုံကြည်ကြတဲ့ ရဟန်းတစ်ပါးလည်း ဖြစ်ပါတယ်။ ဘုန်းတန်ခိုးကြီးမားပြီး နာမည် ကျော် ဇောတဲ့ ဆရာတော်ကြီးအကြောင်းကို ထိုင်းနိုင်ငံရဲ့ ဂူထဲမှာ ပျောက်ဆုံးခဲ့တဲ့ ကလေးတွေကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပြည်သူတွေ ပိုပြီး သတိထားမိခဲ့ကြပါတယ်။

ကလေးတွေကို အသက်ရှင်လျက် ပြန်တွေ့မယ်လို့ ဆရာတော်ကြီး ဟောထားတဲ့အတိုင်း တကယ်ပြန်တွေ့ခဲ့တာကြောင့် ဆရာတော် အကြောင်းကို ပြည်သူများပိုပြီး စိတ်ဝင်စားကြတာပါ။

play
Photo : ပိုပို FB

 

ပိုပိုဟာ ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ဦးဖြပြီး အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ အနုပညာရှင် ဖြစ်ပါတယ်။နေ့စဉ် သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ထွက်ရှိခဲ့တဲ့ သူမရဲ့ "Let Me Kiss You" music video ဟာ အခုဆိုရင် ကြည့်ရှုသူ (၁)သန်းကျော်တောင် ရှိလို့ သွားပါပြီ။

အောင်ရဲလင်းနဲ့ ရိုက်ကူးထားတဲ့ ပိုပိုရဲ့ Music Video အသစ်က ပရိသတ်တွေကြား တော်တော့်ကို ရေပန်းစားသွားခဲ့ပါတယ်။အချစ်သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး အောင်ရဲလင်းနဲ့ ပိုပိုတို့ရဲ့ သရုပ်ဆောင်မှုဟာလည်း အရမ်းကို မိုက်လွန်းလှပါတယ်။  သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေ ကိုလည်း ပရိသတ်တွေကကြည့်ပြီး အသည်းတွေ ယားနေကြ ပါတယ်။

play
Photo : ပိုပို FB

 

အွန်လိုင်းမှာ တချို့သော သူများရဲ့ ဝေဖန်မှုတွေကို ရရှိခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုက ဘယ်လိုတွေများလဲဆိုတာ ကြည့်ရှုသူနှုန်း ကိုကြည့်ပြီး သိနိုင်မှာပါ။

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်း လည်း ဖြစ်ပါတယ်။

play
Photo : ပိုပို FB

 

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD