AD
AD
AD

ပရဟိတအလုပ်တွေ လုပ်နေရရင် ပျော်နေတဲ့ သူမက အားလပ်ချိန်လေးတွေမှာ သူငယ်ချင်းတွေနဲ့ နာရေးကူညီမှု အသင်းမှာ ပါဝင်ကူညီလျက် ရှိပါတယ်။ သွေးလှူဒါန်းခြင်းကိုလည်း ခဏခဏလုပ်တတ်တဲ့ သူမက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လှူဒါန်းထားသူ ဖြစ်ပါတယ်။

play
Photo : မေသက်ခိုင် FB

 

ပရဟိတအလုပ်တွေ  လုပ်နေရရင်ကို ပျော်နေတဲ့ သရုပ်ဆောင် မေသက်ခိုင်ဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ နာရေးကူညီမှုအသင်းမှာ ပါဝင်ကူညီဖြစ်ခဲ့ပါတယ်။သူငယ်ချင်းတွေနဲ့ အချိန်ရရင် ရသလို နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ သွားပြီး လုပ်အားပေးဖြစ်ခဲ့သလို ဒီနေ့မှာ လည်း သူမတို့ သူငယ်ချင်းတစ်ဖွဲ့ ပါဝင်ကူညီပေးဖြစ်တယ်လို့ သိရပါတယ်။

play
Photo : မေသက်ခိုင် FB

 

ဒီနေ့(ဇူလိုင်၁၂ရက်)မှာ သေဆုံးသွားခဲ့တဲ့ အန်တီရဲ့ ရုပ်လောင်းကို စံပြဆေးရုံကနေ ရေဝေးသုဿန် မီးသဂြိုလ်စက်ဆီသို့ ကူညီပို့ဆောင် ပေးခဲ့ကြတယ်လို့ နာရေးကူညီမှုအသင်းရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။မေသက်ခိုင်ဟာ ယခုလိုမျိုး နာရေးကူညီမှုအသင်းတွေမှာ ပါဝင်ကူညီတတ်သလို သူမရဲ့ သွေးနဲ့လည်း လူတွေကို ကူညီတတ်သူဖြစ်ပါတယ်။

၂၀၁၈ခုနှစ် ဇွန်လ(၂၅) ရက်တုန်းကလည်း (၄)ကြိမ်မြောက် သွေးလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။ မေသက်ခိုင်ဟာ ဖေဖော်ဝါရီလ တုန်းက လည်း နှလုံးရောဂါနဲ့ ခွဲစိတ်မှုခံယူရမယ့် ကလေးလေးအတွက် သွေးလှူပေးခဲ့ပါသေးတယ်။ ကလေးငယ်လေးရဲ့ ခွဲစိတ်မှုဟာအောင်မြင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

play
Photo : မေသက်ခိုင် FB

 

မေသက်ခိုင်က ၂၀၁၆ခုနှစ် သူမရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့အမှတ်တရ အလှူအဖြစ် ခန္ဓာကိုယ် တစ်ခုလုံးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။

play
Photo : မေသက်ခိုင် FB

 

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD