AD
AD
AD

မိုးစက်ဝိုင် နဲ့ ရွှေထူးရဲ့ချစ်သူဟောင်း ပန်ကိတ် တို့ဟာ ဖေ့စ်ဘွတ်ကနေတဆင့် ပျော်ပျော်ရွှင်ရွှင် စကားတွေ ပြောနေ ချိန်မှာပဲ မိုးစက်ဝိုင် ကို တိုက်ခိုက် တဲ့ Comment တစ်ခုကိုတွေ့ခဲ့ရပါတယ်။ ဒီ Comment နဲ့ပတ်သက်ပြီး မိုးစက်က လည်း စိတ်မကောင်း ဖြစ်သလို ပန်ကိတ် ကလည်း ပြန်လည် ဖြေရှင်းပေးခဲ့ပါသေးတယ်။

play
Photo: Moe Set Wine Fb

အလှမယ် မိုးစက်ဝိုင်နဲ့ အဆိုတော်ရွှေထူးရဲ့ ချစ်သူဟောင်း ပန်ကိတ်ဒါဒါစိုး ရဲ့ Facebook Live Chat ကနေတဆင့် တရင်းတနှီး စကားပြော နေချိန်မှာ ပရိသတ်တစ်ဦးက မိုးစက်ဝိုင်ကို တိုက်ခိုက်လာတဲ့ Comment ကြောင့် မိုးစက်ဝိုင်ကော ပန်ကိတ်ဒါဒါစိုး ကပါ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်ကနေတဆင့် ရှင်းလင်းပြောပြခဲ့ပါတယ်။

'' live chat တော့ ပန်ကိတ်ဒါဒါနဲ့ တွေ့လို့ video call လေးပြောရင်းအားလုံးလည်းပျော်ရွှင်စွာ chat ကြပါတယ်။အဲ့လောက်ဆို အမြင် ရှင်းစေမယ်လို့ ယုံကြည်မိလို့  ဝန်ခံပါရစေ။ မိုးစက်ကို ဒီက အမထင်နေသလိုမျိုးတွေ ထင်နေတုန်းပဲလား။ အဲလိုထင် နေသူများ ရှင်းဖို့နည်းလေး ပါပြောခဲ့ကြတော့ ကိုယ့်ဉာဏ်မမှီတော့ပါ'' ဆိုပြီးတော့ မိုးစက်ဝိုင်က ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၁ နာရီ က သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ပြောခဲ့ပါတယ်။

 

play
Photo: Moe Set Wine Fb

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတော်ရွှေထူးရဲ့ ချစ်သူဟောင်းဖြစ်တဲ့ ယမင်းဦး(ခေါ်) ပန်ကိတ်ဒါဒါစိုး ကလည်း သူတို့ရဲ့ လမ်းခွဲပြတ်စဲမှုမှာ မဆိုင်တဲ့သူကို သွားပြောကြတာကြောင့် မိုးစက်နဲ့ ဒါဒါတို့ကြားက မိတ်ပျက်တာပဲ အဖတ်တင်မယ်ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်ကနေတဆင့် ပရိသတ်ကို ရှင်းပြခဲ့ပါသေးတယ်။

''ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့ စိတ် နဲ့ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တိတ်တိတ်လေးနေခဲ့တယ်။ ခုမဆိုင်တဲ့သူ ကို တော့ မဆိုင်သလိုပဲထားပြီး အေးအေး ချမ်းချမ်းပဲနေစေချင်တယ်။တိတ်တိတ်လေးနေတာကိုလည်း အသနားခံရအောင်နေနေတာဆိုပြီး လာပြောတာလည်း မမြင်ချင်တော့ဘူး သနားတယ်ဆိုပြီး မဆိုင်တဲ့သူကိုသွားပြောတာတွေက ဒါဒါတို့ကြား မိတ်ပျက်တာပဲ အဖတ်တင်လိမ့်မယ်'' လို့  ပန်ကိတ်ဒါဒါက ဇူလိုင်(၁၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

play
Photo: Pan Cake Dada Fb

ရွှေထူးနဲ့ ပန်ကိတ်ဒါဒါတို့ဟာ ချစ်သူသက်တမ်း ခြောက်နှစ်ကျော်ရှိနေခဲ့ပြီး Long Distance Relationship  ကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ သာယာတဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တိုင်းက အားကျခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၈ ရက်နေ့မှာတော့ အဆိုတော်ရွှေထူးက Fb Live ကနေတဆင့် ပန်ကိတ်ဒါဒါ နဲ့ လမ်းခွဲလိုက်ပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုတော်ရွှေထူးနဲ့ မိုးစက်ဝိုင် တို့ဟာ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ရွှေထူးရဲ့ MTV တွေမှာလည်း မိုးစက်က ပါဝင်သရုပ်ဆောင်ခဲ့သလို မိုးစက်ရဲ့ အလှကုန်ပစ္စည်းကြော်ငြာတွေမှာလည်း ရွှေထူးက ပါဝင်သရုပ် ဆောင်ဖြစ်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD