မနေ့က အင်စတာဂရမ်မှာ တင်ထားတဲ့ ပို့စ်တစ်ခုကြောင့်ပါ။

Swim suit နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ကောမန့်လာပေးတဲ့  အမျိုးသမီးတစ်ဦးကို သင်ဇာဝင့်ကျော်က ပညာ သားပါပါနဲ့ ပြန်လည်တုန့်ပြန်လိုက်တာပါ။ သင်ဇာဝင့်ကျော်က သူမအကြောင်းပြောထားတဲ့ အမျိုးသမီးရဲ့ ကောမန့် အောက်မှာ Reply ပြန်ပေးပြီး ပြောခဲ့တာဖြစ်ပါတယ်။


Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် အသားပေးတဲ့ အလှဓာတ်ပုံတော်တော်များများကို social Media ပေါ် တင်ဖြစ်သူပါ။ လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေ ရေကူးဝတ်စုံမျိုးတွေကို  ဝတ်ပြီး Social Media ပေါ် တင်လေ့ရှိပါတယ်။ အဲ့လို ဓာတ်ပုံတွေ ကို ပရိသတ်အများစုက လက်ခံအားပေးကြသလို တချို့ ပရိသတ်တွေဝေဖန်ခဲ့ကြပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

ချစ်သူကို Password မှန်သမျှ အကုန်ပေးထားတဲ့ သင်ဇာဝင့်ကျော် 

ဒါပေမယ့် သူမဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အမြဲတမ်း လက်ခံသူလို့ဆိုရမှာပါ။ ဇူလိုင်(၁၂) ရက်နေ့ကလည်း ခန္ဓာကိုယ်အလှ ကို ပြထားတဲ့ ဓာတ်ပုံတော်တော်များများကို ဖေ့စ်ဘွတ်ပေါ်တင်ခဲ့သလို အင်စတာဂရမ်မှာလည်း တင်ခဲ့ပါတယ်။ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေဝေဖန်ခဲ့ကြတာ ရှိပေမယ့် သူမက ဘာမှပြန်မပြောခဲ့ပါဘူး။

ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ ဆိုးဆိုးရွားရွား ကောမန့်တစ်ခုကိုတော့ သူမပြန်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။ သင်ဇာဝင့်ကျော် ဟာ သူမကို ဆိုးဆိုးရွားရွား ဝေဖန်ထားတဲ့ ကောင်မလေးကို ယခုလို ပြန်ပြောခဲ့တာပါ။

Photo : သင်ဇာဝင့်ကျော် FB

 

"ညီမရေ ညီမရဲ့ ရိုင်းစိုင်းတဲ့ ကောမန့်တွေကို Screen shot ထားပြီးပြီ။ မဟုတ်မမှန် လုပ်ကြံပြောဆိုမှုအတွက် မဟုတ်ခဲ့ရင်တော့ ညီမအမကို ကောင်းကောင်းလေး ပြန်တောင်းပန်ရလိမ့်မယ်။ ကိုယ်ဟာကိုယ် ဆရာဝန်လို့ ပြောထားတယ်နော်။ ဒီအချိန်မှာ ဒီပြဿနာကို ညီမဘယ်လိုဖြေရှင်းမလဲအမကြည့်မယ်ကွယ်" ဆိုပြီး သင်ဇာဝင့်ကျော်က သူမရဲ့ အင်စတာဂရမ်မှာ ကောမန့်ပြန် ပေးခဲ့တာပါ။

သင်ဇာဝင့်ကျော် ကောမန့်ပြန်ပေးပြီးနောက်မှာ သူမကို ဝေဖန်ပြောဆိုတဲ့ အမျိုးသမီးက သူမရေးထားတဲ့ ကောမန့်ကို ပြန်ဖျက်သွား ခဲ့ပါတယ်။ သင်ဇာရဲ့ ပရိသတ်တွေကတော့ သူမကို အားပေးထားကြတာ တွေ့ရပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။

ယခုလက်ရှိ ရုံတင်ပြသနေတော့ "တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ"ရုပ်ရှင်ဇာတ်ကားမှာလည်း သူမပါဝင်ထားပါသေးတယ်။ ယင်းဇာတ် ကားမှာ ယခုလက်ရှိမှာ ပရိသတ်အားပေးမှု ရရှိနေတာကိုလည်း တွေ့ရပါတယ်။"တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ" ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူ၊သင်ဇာဝင့်ကျော်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က