ဘယ်လိုတွေတောင် လှနေမလဲဆိုတာ တွေ့ရတော့မှာပါ။

ကိုရီးယားမှာ မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှု သွားလုပ်နေတဲ့ နေခြည်ဦးဟာ မကြာခင် ရန်ကုန်ကို ပြန်လာတော့မှာပါ။ ခွဲစိတ် ပြုပြင်မှုတွေ အားလုံးအဆင်ပြေခဲ့တဲ့ သူမတစ်ယောက် ဘယ်လိုတွေတောင် လှလာမလဲဆိုတာ ပရိသတ်တွေအားလုံး သိချင်နေ ကြပါပြီ။



 

မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံမှာ သွားရောက်ပြုလုပ်နေတဲ့ နေခြည်ဦးက မကြာခင် ရန်ကုန်သို့ ပြန်လာတော့မယ်လို့ သိရပါ တယ်။ သူမရဲ့ ခွဲစိတ်မှု အားလုံး အဆင်ပြေကြောင်းကိုလည်း ပရိသတ်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြထားပါတယ်။

"Happy Sunday ပါ။ လွမ်းနေကြောင်း သဝန်လွှာလေးတွေရတော့ ရင်တောင်ခုန်မိတယ်လေ။ နေခြည့် operation အားလုံး အဆင်ပြေပါ တယ်။ များမကြာမီ ရန်ကုန်ကိုပြန်ရောက်ပါတော့မယ်လို့။ " ဆိုပြီး ဇူလိုင်(၁၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo : နေခြည်ဦး IG

ချီချီဆိုတဲ့ နာမည်တစ်လုံးဖြစ်အောင် အရမ်းကြိုးစားရတယ်ဆိုတဲ့ နေခြည်ဦး 

သူမရဲ့ ခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြသထားတာတွေ့ရပါတယ်။ သူမခွဲစိတ်ထားတဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ပေးခဲ့ပါသေးတယ်။နေခြည်ဦးဟာ သူမရဲ့ နှာခေါင်းကို ဒီတိုင်းဆီလီကွန်ထည့်တာမျိုးမဟုတ်ပဲ နားရိုးနုကိုယူပြီး ဆီလီကွန်နဲ့ပေါင်းပြီး ထည့်ထားတာပါ။

နေခြည်ဦးတစ်ယောက် ဘယ်လိုတွေတောင် လှနေတော့မလဲဆိုတာ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ မျက်လုံး ကော နှာခေါင်းပါ တော်တော့်ကို သက်သာလို့နေပါပြီ။

 

နေခြည်ဦးက သူမလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက် တော်တော်ပျော်နေပုံပါ။နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ် ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

Photo : နေခြည်ဦး IG

 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က