သူများကိုတော့ အားပေးတယ်တဲ့။

နုပျိုတဲ့ ခန္ဓာကိုယ်နဲ့ လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဝတ်မှုံရွှေရည်က အသားနာမှာစိုးလို့ ခွဲစိတ်ပြုပြင်တာတွေတော့ မလုပ်ရဲဘူးလို့ ဆိုပါတယ်။ အဲ့လိုတွေ မလုပ်ရဲတဲ့ သူမက သူမရဲ့ ပင်ကိုယ်အလှကို ဘယ်လိုထိန်းသိမ်းဖြစ်လဲဆိုတာ ပြောပြထား ပါတယ်။


 

ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ခွဲစိတ်ပြုပြင်မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက် ကို ပြောပြလာတာပါ။ တော်တော်များများဟာ အခုခေတ်မှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်လာကြတဲ့အပေါ် ပြင်ရဲတဲ့သူတွေအတွက်တော့ ကောင်းတာပေ့ါဆိုပြီး သူမက ဆိုပါတယ်။

"ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီး ပြုပြင်ရဲတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒီဘက်ခေတ်မှာလည်း တော်တေ်ာများများက ပြင်လာကြတော့ လေ။ ပြင်လိုက်တော့လည်း ပိုပိုပြီးတော့ လှလာကြတယ်။ ပြင်ရဲတဲ့သူတွေအတွက် ကောင်းပါတယ်။" ဆိုပြီး Panasonic  နှစ်(၁၀၀) ပြည့် အခမ်းအနားကို တက်ရောက်ရင်း အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

 

ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီး သူများတွေ ပြုပြင်တာကိုတော့ အားပေးပေမယ့် သူမကိုယ်တိုင်ကတော့ မလုပ်ရဲဘူးလို့ ဆိုပါတယ်။

"သူများတွေအတွက်ကတော့ အားပေးတယ်။ ကိုယ့်အတွက်ကတော့ အားမပေးဘူး။အသဲယားတယ်။ ကြောက်တယ်။ ကစ်ကိုယ်တိုင်က အသားနာမှာ တွေဆိုကြောက်လို့ပါ။ ကစ်ရဲ့ပင်ကိုယ်အလှပေါ်မှာတော့ ထိန်းသိမ်းရတာတွေလည်း ရှိပါတယ်။ အသားရည်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းရတာတွေ ဂရုစိုက်ရတာတွေ ရှိပါတယ်။ skin care လေးဘာလေး ကိုယ်လက်လှမ်းမီသလောက် လုပ်တာပေ့ါ။" ဆိုပြီး သူမက ပြောပြခဲ့ပါတယ်။

နာမည်ကြီးသရုပ်ဆောင် ၄ ဦးအားပြိုင်မယ့် ဒဏ္ဍာရီမိုးရုပ်ရှင်ကား 

ဝတ်မှုံရွှေရည်ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ Single တစ်ယောက်ပါပဲတဲ့။ တစ်သက်လုံး တစ်ယောက်တည်း မနေဘူးလို့ ဆိုပါတယ်။ အချိန်တိုင်း အလှတွေတိုးနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ နုပျိုရခြင်း အကြောင်းအရင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' တစ်ယောက်တည်းတော့ မနေပါဘူး၊ လောလောဆယ်လည်း ဘာမှ မရှိဘူးပေါ့နော်။ ဒီလိုပဲ နုပျိုနေရတဲ့ အကြောင်းအရင်းကလည်း ကစ်ကတော့ စိတ်ကြည်ကြည်လင်လင်ထားတယ်၊ စိတ်ရှုပ်မခံဘူး၊ စိတ်ရှုပ်တဲ့အခါကျရင်လည်း တရားထိုင်တယ်၊ ပြီးရင် GYM ဆော့တယ်'' လို့ သူက ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းပြုလုပ်တဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ ပွဲအခမ်းနားတွေ တော်တော်များများ တက်ရောက်ဖြစ်သလို "ဒဏ္ဍရီမိုး" ရုပ်ရှင်ဇာတ်ကားကြိးကိုလည်း ရိုက်ကူး လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးပြီး ရဲတိုက်၊ ရွှေထူး၊ ဒေါင်း တို့နဲ့အတူ ပါဝင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

 

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က