အဖိုးအဖွားတွေကို အရမ်းချစ်တဲ့သူတစ်ယောက်ပါ။

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ ပိုင်တံခွန်က ကြက်ဥရောင်းတဲ့ အဖွားဆီက ကြက်ဥတွေအကုန်ဝယ်ပြီး ကုသိုလ်ယူခဲ့တာပါ။ အဖွားကိုလည်း ကြင်ကြင်နာနာဆက်ဆံခဲ့ပြီး အဖွားက သူ့အဖွားနဲ့တူကြောင်းကိုလည်း ပြောခဲ့ပါသေး တယ်။



 

အလှူအတန်းတွေနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ မှော်ဘီဘက်မှာ အလုပ်ကိစ္စနဲ့ သွားရင်း ကုသိုလ်တစ်ခု ပြုခဲ့ပါတယ်။ လမ်းဘေးမှာ ကြက်ဥရောင်းနေတဲ့ အဖွားဆီကနေကြက်ဥဝယ်စားရင်း အဖွားဆီက ကြက်ဥတွေအကုန်ဝယ်ပြီး ကုသိုလ်ပြုခဲ့တာ တွေ့ရပါတယ်။

ကြက်ဥတစ်ထုတ်ကို ငါးရာပဲ ပေးရပေမယ့် ပိုင်တံခွန်က အဖွားအတွက် ကန်တော့ငွေဆိုပြီး သုံးသာင်းကျပ် တိတိကို ကန်တော့ခဲ့တာ တွေ့ရပါတယ်။ ပြီးတော့လည်း အဖွားက ကျွန်တော့်အဖွားနဲ့ တူတယ်လို့ေ ပြာပြီး စကားတွေလည်း ပြောခဲ့ပါသေးတယ်။

 

ပိုင်တံခွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း အဖွားနဲ့ ပတ်သက်ပြီး ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"မှော်ဘီမှာ အလုပ်ကိစ္စအပြီး ဂျပန်ဘုရားဖူးရင်း ဒီအဖွားနဲ့ ဆုံတာဘဲ ကျွန်တော်စိတ်ထဲ ဝမ်းနည်းတာလား ကရုဏာသက်တာလားမပြော တတ်ဘူး။ ဒါပေမယ့် အဖိုးအဖွားတွေကို ချစ်တယ်" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ကိုရီးယားမလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရတဲ့ ပိုင်တံခွန် 

ပိုင်တံခွန်ရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေက တော်တော်လေးစားနေကြပါတယ်။ပိုင်တံခွန်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် တကူးတကကြီး ကြီးကြီးကျယ်ကျယ် မလုပ်တတ်ပေမယ့် ကြုံရင်ကြုံသလို အလှူလုပ်ပြီး ကုသိုလ်ယူတတ်သူ ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ ဒီနှစ်ထဲမှာ ပြည်ပနဲ့ အနုပညာအလုပ်တွေ တော်တော်များများ တွဲလုပ်ခွင့်ရလာတာ တွေ့ရပါတယ်။  မကြာခင်မှာလည်း ကိုရီးယားမလေးနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံရတယ်လို့လည်း သိရပါတယ်။

 

ပိုင်တံခွန်ဟာ ဇူလိုင်လ အထိကို နားရက်မရှိ အလုပ်တွေ ဆက်တိုက် လက်ခံပြီး ရိုက်ကူးခဲ့ပါတယ်။ စင်ကာပူနိုင်ငံအပြင် မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ကမ်းလှမ်းထားတဲ့ ကြော်ငြာတွေ ရိုက်ကူးဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။ပိုင်တံခွန်ဟာ အလုပ်တွေ လက်မလည်အောင်များနေပေမယ့်လည်း သူချစ်ရတဲ့ ပရိသတ်လေးတွေအတွက် သူ့ရဲ့ လှုပ်ရှားမှုလေး တွေကို  အမြဲ ချပြလေ့ရှိပါတယ်။

ပိုင်တံခွန်ဟာ အခုလက်ရှိမှာတော့ အိန်ဂျယ်လမုန်နဲ့အတူ သမန်းကျား ဝိညာဉ် ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကား ထဲမှာ ကျားတစ်ပိုင်း လူတစ်ပိုင်း လူသားတစ်ဦးရဲ့အဆန်းကြယ်ဆုံးကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

 

အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေ များလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က