အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ထင်ပါတယ်။

သက်မွန်မြင့်က အနုပညာသည်ဘဝမှာ နစ်ဝင်ဖို့အတွက် မိခင်ဘဝကို ခဏတာ စွန့်လွှတ်ဦးမယ်လို့ ဆိုပါတယ်။ သားသမီးတွေ ကိုညာပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှား ပါဘူး။

Photo : သက်မွန်မြင့် FB

 

ကလေးတွေကို အမြဲတမ်း အချိန်ပေးဖြစ်ပြီး အနားမှာ စောင့်ရှောက်ပေးတတ်တဲ့ သရုပ်ဆောင် သက်မွန်မြင့်က မိခင်ဘဝကို ခဏတာ စွန့် လွှတ်ဦးမယ်လို့ ဆိုပါတယ်။ အနုပညာသည် ဘဝမှာ နစ်ဝင်ဖို့အတွက် မိခင်ဘဝကို စွန့်လွှတ်တာ ဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ပြောထားတာ တွေ့ရပါတယ်။

"ခရီးထွက်ရပြီ! အမေဘဝ ခဏစွန့်လို့ အနုပညာသည်ဘဝမှာ နစ်ဝင်ဖို့" ဆိုပြီး ဇူလိုင်(၁၆) ရက်နေ့ ရေးသားထားတာ တွေ့ရပါတယ်။သူမက လက်ရှိမှာ "ချည်" ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင် နေတိုးနဲ့အတူူ ရိုက်ကူးနေတာ တွေ့ရပါတယ်။ နေရာသစ်ကို ရောက်နေပေမယ့် လည်း  အိမ်နဲ့ မိသားစုကို လွမ်းနေကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။

Photo : သက်မွန်မြင့် FB

 

သက်မွန်မြင့်အနေနဲ့ သားသမီးတွေကိုငဲ့ပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှားပါဘူး။

အနုပညာကို ချစ်ခင်တဲ့သူမက ကလေးတွေရလာတဲ့အချိန်မှာ သူမချစ်တဲ့ အနုပညာကို ခဏတာ စွန့်လွှတ်လိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အခုဆိုလည်း ကလေးတွေကို ပြုစုရင်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပေမယ့်လည်း ကလေးတွေနဲ့ အချိန်လုပြီး ဖြတ်သန်းနေရတဲ့သူမရဲ့ မိခင်ဘဝလေးကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။

Photo : သက်မွန်မြင့် FB

ကျန်းမာရေးမကောင်းလို့ ပိန်သွားတာပါဆိုတဲ့ သက်မွန်မြင့်

"မိခင်ဘဝက တစ်ကယ်တော့ မလွယ်ပါဘူး။ သူတို့လေးတွေ ကိုယ်ဝန်စရှိတဲ့အချိန် လူဖြစ်ဖို့စကတည်းက ကိုယ်တွေမှာ အများကြီး ပြောင်းလဲ ရတာတွေ ရှိတယ်။ ကိုယ့်ဘဝတစ်ခုလုံးကိုပေးလိုက်ရတယ် သက်မွန်ဆို အနုပညာသမားတစ်ယောက် ကလေးမွေးနေ့တဲ့ အချိန်မှာ ကိုယ် ချစ်တဲ့ အနုပညာအလုပ်ကို စွန့်လွှတ်လိုက်ရတယ်။ကိုယ်လွမ်းတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး ကိုယ်က ကလေးလိုချင်တယ်။ ကလေးချစ် တယ်။ သူတို့ရဲ့ ရယ်သံလေးတွေ ကြားရရင် ကိုယ်ပင်ပန်းသမျှတွေ အကုန်လုံးမေ့သွားတာပဲ။" လို့ ဆိုပါတယ်။

Photo : သက်မွန်မြင့် FB

 

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန်က တော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ကမ်းလှမ်း လာ တဲ့ ကာရိုက်တာတိုင်းကိုလည်း အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့လို့ တစ်နေ့ထက်တစ်နေ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ လျှောက်လှမ်းလာတဲ့ အနုပညာပန်းတိုင်အဖြစ် အကယ်ဒမီရုပ်တု ၂ ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပါပြီ။

Photo : သက်မွန်မြင့် FB

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က