ကလေးလေးအတွက် အားလုံးက စိတ်မကောင်း ဖြစ်နေကြတာပါ။

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးရဲ့ ကျန်ရစ်သူ မိသားစုကို မြင့်မြတ်နဲ့ ယုန်လေးတို့ တတ်နိုင်သလောက် ကူညီထောက်ပံပေး ဖို့စီစဉ်နေပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ပရိသတ်တွေကို ကျန်ရစ်သူ မိသားစုရဲ့ နေအိမ်လေးကို ပြောပြပေးဖို့အတွက် ဖေ့စ်ဘွတ်ကနေ တောင်းဆိုထားတာတွေ့ရပါတယ်။



Photo : ယုန်လေး FB

 

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးအတွက် ပြည်သူအားလုံး စိတ်မကောင်းဖြစ်နေသလို သရုပ်ဆောင်မြင့်မြတ်နဲ့ ယုန်လေးတို့ လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ကလေးလေးရဲ့ သတင်းကို ကြားပြီး စိတ်မကောင်းဖြစ်နေတဲ့ သူတို့နှစ်ဦးက ကျန်ရစ်သူ မိသားစု အတွက် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

"ဒီသတင်းလေး ကို တကယ်စိတ်မကောင်းဖြစ်မိပါတယ် ။ ကျွန်တော်တို့ နှစ်ယောက် သားလေးရဲ့မိဘတွေကို တတ်နိုင်သလောက် ကူညီချင် ပါတယ်။ ရူတင်ပြီးတာနဲ့ နှစ်ယောက်လုံး အိမ်တိုင်ယာရောက်သွားအားပေးမှာပါ " ဆိုပြီး ယုန်လေးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်(၁၆) ရက်နေ့ ရေးသားထားပါတယ်။

 

ကလေးလေးရဲ့ မိဘတွေကို မြင့်မြတ်နဲ့ ယုန်လေးတို့ နှစ်ယောက်ပေါင်းပြီး ငွေကျပ်(၁၀) သိန်း တိတိကို သွားကူညီမယ်လို့လည်း ပြောထားပါတယ်။အဲ့ဒါကြောင့် ကျန်ရစ်သူ မိသားစုရဲ့ နေအိမ်လိပ်စာလေး သိတဲ့သူတွေ ပြောပြပေးပါလို့လည်း သူတို့ရဲ့ ပရိသတ်တွေကို ပြောပြထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေကော အနုပညာရှင်တွေပါ လေးစားလို့နေကြပါတယ်။

သေဆုံးသွားတဲ့ ကလေးလေးဟာ အဋ္ဌမတန်းကျောင်းသားလေး ဖြစ်ပြီး တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းပေါ်မှာ ပြတ်ကျနေတဲ့ ဓါတ်ကြိုးကို ထိမိပြီး နေရာမှတင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ယုန်လေးတို့ဟာ ပရဟိတစိတ်ဓာတ်ရှိသူ တွေဖြစ်ကြပါတယ်။ သူတို့ရှေ့မှာ အကူအညီလိုအပ်တာတွေကိုမြင်ရင် မကူညီပဲ မနေတတ်သူလည်း ဖြစ်ပါတယ်။

Photo : ယုန်လေး FB

ဆူဇီအတွက် ယုန်လေးနဲ့ သူငယ်ချင်းတွေရဲ့ သန်းခေါင်ကျော် Birthday Surprise 

ယုန်လေးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်နေပြီး သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ မြင့်မြတ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလျက်ရှိပါတယ်။

ပရိသတ်တွေအတွက် ဇာတ်ကားကောင်း တွေ ကြည့်ရှုနိုင်ဖို့ ကြိုးစားနေတဲ့ မြင့်မြတ်ဟာ ကျရာ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ မကြာခင် ဖခင်တစ်ယောက်ဖြစ်တော့မှာပါ။ မကြာခင် လပိုင်းလောက်မှာ မြင့်မြတ်တို့ ဘဝထဲကို သားရင်သွေး ရတနာ လေး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo : ယုန်လေး FB

 

သူလိုချင်တဲ့ သားလေး ရတော့မို့လို့ မြင့်မြတ်တစ်ယောက် ပျော်လို့နေပါတယ်။ မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အောင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက် ကျင်းပခဲ့တာဖြစ် ပါတယ်။

Share

Loading Next Article...
က္က