ဘယ်လိုနေရမလဲလို့။

 



 

မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံမှာ သွားလုပ်နေတဲ့ နေခြည်ဦးက မကြာခင် ရက်ပိုင်း ရန်ကုန်သို့ ပြန်လာတော့မယ်လို့ သိရပါတယ်။ ခွဲစိတ်မှု အားလုံး အောင်မြင်သလို ချုပ်ရိုးတွေလည်း ဖြေပြီးကြောင်းကို သူမရဲ့ပရိသတ်တွေ သိအောင် ဖေ့စ်ဘွတ်ကနေ လည်း ပြောထားပါတယ်။

အရာအားလုံး အဆင်ပြေပေမယ့် သူမမှာ အဆင်မပြေစရာ ကိစ္စ တစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဆရာဝန်က သူမကို သုံးလလောက် ကို မရယ်ခိုင်းပဲ နေလို့ပါ။ အဲ့ဒီကိစ္စက သူမအတွက် တော်တော့်ကို နေရခက်မယ့် ကိစ္စ တစ်ခုဖြစ်မှာပါ။ ဘာလို့လည်း ဆိုတော့ နေခြည်ဦးက ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူ တစ်ယောက်ဖြစ်နေလို့ပါပဲ။

 

ဆရာဝန် မရယ်ခိုင်းတဲ့ ကိစ္စကိုလည်း ယခုလို ပရိသတ်တွေ သိအောင် ပြောပြထားပါသေးတယ်။ "ခွဲစိတ်မှု အားလုံး အောင်မြင်ပါတယ်။ ချုပ်ရိုးလည်း ဖြေပြီးပါပြီ။ တစ်ခုဘဲ ဆရာဝန်က သုံးလလောက်မရီနဲ့တဲ့။ ချုပ်ထားတဲ့ နှာခေါင်း ပြန်ပွလာမှာ စိုးလို့တဲ့ ဂွမ်းးးးးးးး" ဆိုပြီး ဇူလိုင်လ(၁၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ပရိသတ်တွေက အရယ်သန်တဲ့ နေခြည်ဦးတစ်ယောက် ဘယ်လိုနေရှာမလဲဆိုပြီး ကောမန့်တွေမှာ ပြောထားကြပါတယ်။

ပရိသတ်တွေအတွက် ခွဲစိတ်ပြီး ပုံလေးကို ပြလိုက်တဲ့ နေခြည်ဦး 

နေခြည်ဟာ သူမခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြသတဲ့သူတစ်ဦးပါ။ နေခြည်ဦးတစ်ယောက် ဘယ်လိုတွေတောင် လှနေတော့မလဲဆိုတာ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ မျက်လုံး ကော နှာခေါင်းပါ တော်တော့်ကို သက်သာလို့နေပါပြီ။

နေခြည်ဦးက သူမလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက် တော်တော်ပျော်နေပုံပါ။နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ် ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

 

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရ လိုက် တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက လည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က