သူ့ရဲ့အနုပညာကြေးတွေနဲ့ ကလေးရဲ့မိသားစုကို လှူဒါန်းခဲ့ပါတယ်တဲ့။

မော်ဒယ်လ် J Naw ကတော့ ဓာတ်လိုက်ပြီးသေဆုံးခဲ့တဲ့ ကျောင်းသားလေးရဲ့ မိသားစုဝင်တွေကို ဒီနေ့ နေ့လယ်မှာပဲ သူ့ရဲ့ အနုပညာကြေး လေးနဲ့ တက်နိုင်သလောက်သွားရောက်လှူဒါန်းခဲ့ပါတယ်။ မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းခဲ့ရပြီး နိုင်ငံတော် ကလည်း ပြည်သူ့အသက်တွေ ကို ဒီ့ထက်မက တန်ဖိုးထားနိုင်ကြပါစေလို့လည်းဆုတောင်းခဲ့ပါတယ်။

Photo: J Naw Facebook


အောင်မြင်လျှက်ရှိတဲ့ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ J Naw ဟာ တောင်ဥက္ကလာပ မြို့နယ်မှာ ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ ကျောင်းသားလေးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူ ကလေးငယ်အတွက်လည်း J Naw ရဲ့ ဆုတောင်း စကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဓာတ်လိုက်သေဆုံးသွားတဲ့ ၁၃ နှစ်သားလေး မောင်မျိုးမင်းထွန်းအိမ် ကို အခု လက်ရှိ တောင်ဥက္ကလာပမှာ ဓာတ်လိုက်သေဆုံးသွားတဲ့ကလေး အတွက် မိသားစု နဲ့ ထက်တူဝမ်းနည်းရပါတယ်။ နောင်ဘဝများဆိုရင် လူဖြစ်ရကျိူးနပ်တဲ့ တိုင်းပြည်မှာ မွေးဖွားပါစေ လို့ ဆုတောင်း လိုက်ပါတယ်နော်'' ဆိုပြီးတော့ ဇူလိုင် ၁၇ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: J Naw Facebook


J Naw ဟာ သူ့ရဲ့ အနုပညာကြေးကနေရရှိလာတဲ့ ငွေကြေးတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ပြီး ၁၃ နှစ်သားလေး မောင်မျိုးမင်းထွန်း ရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် နှစ်သိမ့်ပေးခဲ့တယ်လို့ သိရပါတယ်။

''ကျန်ရစ်သူ မိသားစုတွေ ကို နှစ်သိမ့်အားပေး ကူညီခွင့်ရလို့လည်းအတိုင်းမသိ စိတ်သက်သာရာ ရခဲ့ ပါတယ်။ နှစ်သိမ့်အားပေးရင်း ကိုယ်ပါ သားတယောက် ဆုံးရှုံးလိုက်ရသလို ဘဲ မိန်းမသားတယောက်အနေ နဲ့ မိခင် တယောက် က သား လိမ်မာလေး ကို ဆုံးရှုံးလိုက်ရတဲ့ ကြွေကွဲတဲ့ ခံစားချက်က ဘယ်လောက်တောင် ဆို့ နင့်ကြေကွဲလိုက်လေမလဲ'' ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: J Naw Facebook


J Naw က ကိုယ်တိုင်နှစ်သိမ့်ပေးခဲ့ရတဲ့အတွက် ရင်ထဲမှာအရမ်းခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ မိသားစုနဲ့ အတူလည်း ဝမ်းနည်းခဲ့ရပါတယ်တဲ့။ နိုင်ငံတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားနိုင်စေဖို့ သူ့ရင်ထဲက ဆန္ဒလေးကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ရင်ဖွင့် ပြောပြထားပါသေးတယ်။

''နိုင်ငံတော်ကလည်း ပြည်သူ့အသက်တွေ ကို ဒီ့ထက်မက တန်ဖိုးထားနိုင်ကြပါစေလို့ ဆုတောင်းလျှက် နော FB က မိတ်ဆွေများလည်း ယခုလိုလှူဒါန်း ချင်တဲ့ သူများရှိရင် တောင်ဥက္ကလာဘုရားအကျော် ABC စတိုးဘေးလမ်းထဲဝင်ပြီး သိန္ဓိရှင် ၁၁ လမ်း အသုဘအိမ် သို့ဟုမေးမြန်းပီး သွားရောက်ကူညီနိုင်ကြပါတယ်'' လို့ သူကဆိုပါတယ်။

ကချင်စစ်ဘေးရှောင် ပြည်သူများဆီသို့ သွားရောက်လှူဒါန်းခဲ့တဲ့ ဂျေနော 

Photo: J Naw Facebook


J Naw ဟာ လက်ရှိ မော်ဒယ်လောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေ ရသလို ဖက်ရှင်ရှိုးပွဲတော်တော်များများမှာလည်း J Naw ဟာ မရှိမဖြစ် ပါဝင်ခွင့်ရသူတစ်ဦးပါ။

Share

Loading Next Article...
က္က