နာမည်လေးက ခပ်ဆင်ဆင်လေးပါပဲ။

ဇာတ်လမ်းတွဲ သရုပ်ဆောင်မင်းသားတစ်ဦးအဖြစ် ပရိသတ်အားပေးလာတဲ့ ဘုန်းရှိန်ထက်က ဘုန်းရှိန်ခန့် ဆိုပြီးတော့ နာမည် ပြောင်းလိုက် ပါပြီ။ သူဟာ အခုလက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာဖြစ်ပြီး အစီအစဉ်တင်ဆက်သူ အဖြစ်နဲ့ပါ ပရိသတ်တွေ အားပေး ရဦးမှာပါ။

Photo: Phone Shein Htet Fb

 

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့်ပရိသတ်အားပေးမှုရရှိလာတဲ့ ဘုန်းရှိန်ထက်ဟာ အခုဆိုရင်တော့ ဘုန်းရှိန်ခန့် ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့က စပြီး နာမည်ပြောင်းလိုက်ပြီဆိုပြီးတော့ သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို အသိပေးကြေညာခဲ့ပါတယ်။

'' ကျွန်တော့် နာမည် 'ဘုန်းရှိန်ထက်' အား ယခု 'ဘုန်းရှိန်ခန့်'ဟုပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သူငယ်ချင်းမိတ်ဆွေ, အနုပညာညီအကို မောင်နှမများ နှင့် စာနယ်ဇင်း Media နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအားလုံးကိုအသိပေးအပ်ပါသည် ခင်ဗျာ'' ဆိုပြီးတော့ ဇူလိုင်လ ၁၆  ရက်နေ့ နေ့လည် ၁၁ နာရီကျော်လောက်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Phone Shein Htet Fb

 

ဘုန်းရှိန်ခန့်ကို ပရိသတ်တွေက Sing Of Love ရုပ်သံဇာတ်လမ်းတွဲကနေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူဟာ ရုပ်သံဇာတ်လမ်းတွဲ တွေ အရိုက်များတာကြောင့် ဇာတ်လမ်းတွဲ မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေ လက်ခံအားပေးလာကြတာဖြစ်ပါတယ်။ ဘုန်းရှိန်ခန့်ဟာ ဒရာမာ ဇာတ်ရုပ်တွေ ပိုပြီးတော့ အရိုက်များတာကို သတိထားမိကြမှာပါ။

Photo: Phone Shein Htet Fb

 

ဘုန်းရှိန်ခန့် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေ ထဲမှာမှ Sing Of Love  Season 1,2,3 ၊ မနေ့က ဖြစ်သည် ရုပ်သံဇာတ်လမ်း တွဲတွေကလည်း အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက် မြဝတီရုပ်သံလိုင်းက ' ဟာသရုပ်စုံ' အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

Photo: Phone Shein Htet Fb

ဝင့်ယမုံနိုင်နဲ့ အမှတ်တရအကြောင်းတွေပြောလာတဲ့ ဘုဏ်းရှိန်ထက်  

ဘုန်းရှိန်ခန့်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် Sing Of Love ရုပ်သံဇာတ်လမ်းတွဲကနေစပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာပါ။ ဘုန်းရှိန်ထက် ဆိုတဲ့ နာမည်ကနေ ဘုန်းရှိန်ခန့် ဆိုတဲ့ နာမည်ကိုတော့ ပြောင်းလဲ သွားခဲ့ပါပြီ။

Share

Loading Next Article...
က္က