AD
AD
AD

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးရဲ့ အမှုကတော့ အမှုမှန်ပေါ်ပေါက်လို့ သွားပါပြီ။ ရဲတပ်ဖွဲ့ရဲ့ ကြိုးစားမှု၊ ပရိသတ်တွေရဲ့ ဝန်းရံမှုတွေ သာမက အနုပညာလောကသားတွေရဲ့ ဝန်းရံပေးမှုတွေကြောင့် အခုလို အမှုမှန် ပေါ်ပေါက်ခဲ့တာလို့ လူမင်းက ဆိုပါတယ်။

play

 

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးရဲ့ အမှုဟာ အမှုမှန်ပေါ်ပေါက်လို့ သွားပါပြီ။ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်ကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် တိုင်တန်းတဲ့ အမှုဟာ မှန်ကန်မှု မရှိပဲ လုပ်ကြံတိုင်တန်းတာ ဖြစ်တယ်လို့ ဒီနေ့(ဇူလိုင်၁၈ ရက်)မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နေ စုံစမ်းဖော်ထုတ်လိုက်တာပါ။

play

 

ယခုလိုမျိုး အမှုမှန်ပေါ်ပေါက်သွားတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်တဲ့ လူမင်းက သူ့ရဲ့ ခံစားချက်ကို ယခုလို ပြောပြထား ပါတယ်။

"အဲ့ဒီအဖြေကိုပဲ သိချင်တာပါ။ ရဲလုပ်ထုံးလုပ်နည်းအရ နှောင့်နှေးကြန့်ကြာနေမှာကို စိုးရိမ်တာ။ကိုသီဟအနေနဲ့ ဒီလိုမျိုး ရှောင်ပြီးတော့ လုပ်စရာရှိတာလုပ်နေတုန်းမှာ ဒီလိုအမှုမှန် ပေါ်သွားတော့ နှစ်ဖက်လုံးအတွက်တော့ ကောင်းသွားတာပေါ့။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်လေ သက်ဆိုင်တဲ့ ကာယံကံရှင် မိသားစုမှာတော့ သိက္ခာပိုင်းဆိုင်ရာက ထိခိုက်နစ်နာမှု အများကြီး ဖြစ်သွားခဲ့ရတယ် "လို့ သူက ဆိုပါတယ်။

play

 

ရဲတပ်ဖွဲ့ဝင်များရဲ့ ကြိုးစားမှုနဲ့ ပရိသတ်များရဲ့ ဝန်းရံမှု၊ အနုပညာရှင်များရဲ့ ဝန်းရံမှုတွေကြောင့် အမှုမှန် ပေါ်ပေါက်သွားခဲ့တာလည်း ဖြစ်တယ်လို့လူမင်းက  ဆက်လက်ပြောပြခဲ့ပါတယ်။

"ဒီလိုဖြစ်သွားတဲ့အတွက် လုပ်ဖော်ကိုင်ဖက် ကိုယ့်လောကသားတွေ ကိုသီဟအပေါ် ဘယ်လိုအလေးအနက်ထားကြတယ်။ ကိုသီဟ ရုပ်ရှင် မရိုက်ဖြစ်တော့ဘူးဆိုပေမယ့်လည်း အားလုံးက အရေးကြုံလာတဲ့အခါမှာ အနုပညာလောကသားအချင်းချင်း ဒီလိုရပ်တည်ပေးကြတယ်။ ဒီလိုပရိသတ်တွေကလည်း ကိုသီဟဘက်ကလည်း မခံမရပ်နိုင် ဝိုင်းဝန်းရပ်တည်ပေးကြတယ်ဆိုတာတွေဟာ ဒါကိုသီဟရဲ့ အနုပညာ အင်အား ကြီးက  ရှိနေပါသေးတယ်ဆိုတဲ့ အချက်နဲ့ သူ့ကို အားပေးရမှာပါပဲ။" လို့ လူမင်းက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။

play

 

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဒေါ်ဇင်မာဦး၏ အသက်(၇၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ပြုစုဖို့အတွက် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားခဲ့တာပါ။

ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီး ခင်မာမြင့်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။

လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD