အဆိုးပြီးရင် အကောင်းတွေ လာတတ်ပါတယ်။

သရုပ်ဆောင် သီဟတင်စိုးရဲ့ သတင်းကောင်းကြောင့် ပရိသတ်တွေအနုပညာရှင်တွေက ဝမ်းသာလို့မဆုံးဖြစ်နေကြပါတယ်။ အဲ့ထဲကမှ သီဟတင်စိုးနဲ့အတူ လက်တွဲပြီး အနုပညာအလုပ်တွေ လုပ်ဖူးခဲ့တဲ့ ရဲမင်းပိုင်က ကိုသီဟအတွက် အားပေးစကား ပြောထားတာ တွေ့ရပါတယ်။

Photo : သီဟတင်စိုး FB

 

မုဒိမ်းမှုနဲ့ အရေးယူပေးဖို့အတွက် တိုင်တန်းခံရတဲ့ သရုပ်ဆောင် သီဟတင်စိုးအတွက် လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမတစ်ဦးဖြစ်သူ ရဲမင်းပိုင်က အားပေးစကားဆိုလိုက်တာ ဖြစ်ပါတယ်။

ယခုလက်ရှိမှာ သီဟတင်စိုးရဲ့ အမှုဟာ အမှုမှန်ပေါ်ပေါက်လို့ သွားပါပြီ။ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်ကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် တိုင်တန်းတဲ့ အမှုဟာ မှန်ကန်မှု မရှိပဲ လုပ်ကြံတိုင်တန်းတာ ဖြစ်တယ်လို့ ဒီနေ့(ဇူလိုင်၁၈ ရက်)မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နေ စုံစမ်းဖော်ထုတ်လိုက်တာပါ။

Photo : ရဲမင်းပိုင် FB

 

ဒီသတင်းနဲ့ ပတ်သက်ပြီး သီဟတင်စိုးရဲ့ ပရိသတ်တွေ ဝမ်းသာနေကြသလို အနုပညာမောင်နှမတွေကလည်း ဝမ်းသာလို့နေကြပါတယ်။ အဲ့ဒီထဲကမှ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်သလို အနုပညာညီအစ်ကို တစ်ယောက်လည်း ဖြစ်တဲ့ ရဲမင်းပိုင်က သီဟတင်စိုးအတွက် ယခုလို အားပေးစကား ဆိုထားပါသေးတယ်။

"သူငယ်ချင်း သီဟအဲဒါ မင်းပြန်လည်အောင်မြင်မူ့ ရဖို့ဖြစ်လာတာ အဆိုးပြီးရင်အကောင်းတွေလာတတ်ပါတယ်" ဆိုပြီး ဇူလိုင်(၁၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo : ရဲမင်းပိုင် FB

ကိုသီဟဘက်က ရပ်တည်ပေးကြတဲ့ သူတွေကို ကျေးဇူးတင်တယ်ဆိုတဲ့ လူမင်း 

ရဲမင်းပိုင်ဟာ သီဟတင်စိုးနဲ့ ဇာတ်ကားတွေ တော်တော်များများ လက်တွဲ ရိုက်ကူးခဲ့ဖူးသူဖြစ်သလို သူငယ်ချင်းတွေလို ခင်တဲ့ အနုပညာညီအစ်ကိုတွေလည်း ဖြစ်ပါတယ်။

အမေရိကမှာ ရှိတဲ့ မိသားစုနဲ့ ခွဲပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ ရဲမင်းပိုင်ဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး နေပါပြီ။ ရဲမင်းပိုင်ဟာ ၂၀၁၈ခုနှစ် ဇန်နဝါရီ(၃၁)ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက်ပိုင်း ၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲကြီးကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

Photo : ရဲမင်းပိုင် FB

 

ထို့နောက် "လူခေါ်ခေါင်းလောင်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမျိုးအောင်၊ ထူးခြား၊ ဒိန်းဒေါင်၊ ထွန်းကိုကို၊ ဇင်ဝိုင်း၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ မေမြင့်မိုရ်၊ မိုးမြင့်သဇင်၊ လှမျိုးသဉ္ဇာနွယ်စတဲ့ အနုပညာရှင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

လူခေါ်ခေါင်းလောင်း ရုပ်ရှင်ဇာတ်ကား ပြီးနောက်မှာလည်း အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Cover ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါရိုက်တာ ဂျိုးက ရိုက်ကူးတဲ့ Cover ဇာတ်ကားမှာရန်အောင်၊ လူမင်း၊ ရဲမင်းပိုင်၊ နေဆန်း၊ ထူးခြား၊ သတ္တိ၊ တိုင်ရွန်၊ ဟန်နီတို့နဲ့အတူ ပါဝင်ခဲ့ပါသေးတယ်။

Photo : ရဲမင်းပိုင် FB

 

ယခုလက်ရှိ ရဲမင်းပိုင်ဟာ အနုပညာအလုပ်တွေ လုပ်ရုံမကဘဲ  Fighter Hero’s ဆိုတဲ့ သင်တန်းဖွင့်ထားတာ ကိုယ်ခံပညာတွေကို သင်ပေးလျက်ရှိပါတယ်။

 

Share

Loading Next Article...
က္က