သူ့ရဲ့ ဇာတ်ကားတစ်ကား ဆင်ဆာကျလာပါပြီတဲ့။

အက်ရှင်ဇာတ်ကားကောင်းကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါ။မြင့်မြတ်၊ ယုန်လေး၊ ထူးအယ်လင်းနဲ့ နိုင်ဝမ်းတို့ ပါဝင်ရိုက်ကူးထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဆင်ဆာကျသွားပါပြီ။ တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားတစ်ကား ဆင်ဆာကျသွားလို့ ယုန်လေးတစ်ယောက်တော်တော့်ကို ပျော်နေပါတယ်။

Photo : ယုန်လေး FB




မြင့်မြတ်၊ ယုန်လေးတို့ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကြီး တစ်ကားကိုတော့ ဆင်ဆာလူကြီးများက ဆင်ဆာချပေးလိုက်ပါပြီ။ Danger Zone လို့ နာမည်ပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကို Special 9 ဆိုတဲ့ နာမည်နဲ့ ဆင်ဆာလူကြီးများက ဆင်ဆာချပေးလိုက်တာ ဖြစ်ပါတယ်။ ယုန်လေးကတော့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကား ဆင်ဆာကျလာလို့ တော်တော့်ကို ပျော်နေသလို ဆင်ဆာလူကြီးတွေကို ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

Photo : ယုန်လေး FB


"ကဲ Danger Zone လို့နာမည်ပေးချင်တတဲ့ကားလေးက Special 9 နာမည်နဲ့ တော့ ဆင်ဆာကျလာပြီ ။ ဒီ တစ်ခါတော့ ဆင်ဆာ အဖွဲ့ဝင်များ အားလုံး အမြဲတန်း ဘာလက်ဆောင်မှ မယူပဲ ကူညီတတ်သော ဦသိန်းနိုင် နှင့် ဆင်ဆာ အဖွဲ့ အသစ်ပြန်လည်ပြောင်းလဲဖွဲ့စည်းလိုက်သော အရင်လူကြီးမင်း အဟောင်းများရော . လူကြီးမင်း အသစ်များရော ကိုတကယ်လိူက်လိူက် လှဲလှဲ အထူးကျေးဇူးတင်ရှိပါသည် " ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၉) ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။


Photo : ယုန်လေး FB

ကျောင်းသားလေးရဲ့မိသားစုကို အလှူငွေသွားလှူခဲ့တဲ့ အနုပညာရှင်များ 

ဆင်ဆာလူကြီးများ ဆင်ဆာချပေးလိုက်တဲ့ Special 9 ရုပ်ရှင်ဇာတ်ကားဟာ အက်ရှင်ကား စစ်စစ် ဖြစ်တယ်လို့ ယုန်လေးက ဆိုပါတယ်။ ယင်းဇာတ်ကားကို တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ယုန်လေး ပြောပြထားပါသေးတယ်။

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

Photo : ယုန်လေး FB


ယုန်လေးရဲ့ ပရိသတ်တွေကလည်း ဒီရုပ်ရှင်ဇာတ်ကားကြီး ဆင်ဆာကျသွားတဲ့ အတွက် အရမ်းကို ဝမ်းသာလို့ နေကြပါတယ်။ယုန်လေးရဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများ ဆင်ဆာမကျသေးပေမယ့်လည်း ဒီဇာတ်ကားကြီး ဆင်ဆာကျသွားလို့ အနုပညာမောင်နှမတွေလည်း ဝမ်းသားလို့နေကြပါတယ်။

ယုန်လေးက သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က